Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 16, 2015

နောင်ပတ္တရားကျေးရွာက ထူးဆန်းသော ကလေးဘုရား လူအများ သွားရောက်ဖူးမြော်လေ့လာလျက်ရှိ


ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် နောင်ပတ္တ ရားကျေးရွာ၌ ကလေးများမှ ရွှံ့များဖြင့်
တည်ထားသော ဘုရားကို ကလေးဘုရားဟုဆို ကာ ဘုရားဖူးများ စည်ကားလျက်ရှိသည်။

နောင်ပတ္တရားကျေးရွာအဝင် ရွာထိပ် တွင် အောင်မင်္ဂလာရေကန်ရှိပြီး ရေကန်စပ် တွင် အုတ်တိုင်များတွေ့ရပြီး သံဆန်ခါများဖြင့် ကာရံထားသည်။

ယင်းရေကန်စပ်တွင် ရာဇ မတ်ကာ ထီးဖြူမိုးထားသည့် စေတီတစ်ဆူနှင့် ဘုရားဖူးအချို့ လက်အုပ်ချီပူဇော်နေကြသည်။ ဦးပဉ္ဇင်းများနှင့် ကိုရင်များလည်း အနီးကပ်ကြည့် ရှုလေ့လာနေကြသည်။ ယခင်က ရေကန်ပတ် ပတ်လည်တွင် သံဆန်ခါများကာထားပြီး ဝင် ပေါက်တစ်ခုသာ ထားခဲ့ရာမှ ယခုအခါ လာ ရောက်သူများပြားသောကြောင့် ၁၅ပေခန့်ရှိ သံဆန်ခါတစ်ခုကို ဖြုတ်ပေးထားသည်။

ယင်းသံဆန်ခါပေါက်မှဝင်၍ ကြည့် ပါက ရေကန်စပ်တွင် ရွှံ့များနှင့်ပြုလုပ်ထား သော သုံးပေခန့်စေတီတစ်ဆူရှိပြီး ယင်းစေတီ ၏ရှေ့တွင် ခြင်္သေ့နှစ်ကောင်၊ စေတီ၏နောက် တွင် နဂါးနှစ်ကောင် (နဂါးများမှာ ကလေးများ ၏လက်ရာဖြစ်၍မြွေပုံစံဖြစ်သည်)၊ စေတီအနီး တွင် တံခွန်တိုင်၊ နဂါးနှစ်ကောင်၏ အနီးတွင် လျောင်းတော်မူ ဘုရားတစ်ဆူတို့ကို တွေ့မြင်ရ သည်။

ထူးခြားမှုတစ်ခုအနေဖြင့် တံခွန်တိုင်နှင့် အနီးတွင် ဗိုလ်ချုပ်မြင်းစီးရုပ်တစ်ခုပါ ရှိနေသည်။ ယခုနောက်ပိုင်းတွင် ဘုရားပန်းကန်တော့ပွဲ၊ ငွေ စက္ကူ၊သစ်သီး စသည်တို့ကို လှူဒါန်းပူဇော်ထား ကြသည်။ ပိတ်ဖြူတစ်ခုကို ပုခက်ပြုလုပ်ပြီး ငွေ စက္ကူများကိုထပ်ကာ သားရေကွင်းများနှင့်ချီထည့် ထားသည်။ ဘုရားတည်သည့် ကလေးသုံးယောက် ၏ ဗီနိုင်းပုံကိုလည်း တွေ့ရမည်ဖြစ်သည်။

ယင်းကလေး သုံးယောက်စလုံးမှာ အလှူခံမဏ္ဍပ်အနီးကွပ်ပျစ်ပေါ်တွင် ထိုင်နေ ကြသည်။ အင်္ကျီအဖြူ၊ ယောဂီလုံချည်နှင့် ယော ဂီတဘက်တို့ကို ပတ်ထားကြသည်။ အမည်မေး သောအခါ မောင်ဇင်ကို၊ မောင်ဇင်ကိုနိုင်၊ မောင် ထက်လွင်ဦးတို့ဖြစ်ကြောင်းသိရပြီး သုံးဦးစလုံး မှာ ဆယ်နှစ်ဝန်းကျင်ခန့် သာရှိသေးသည်။ မောင် ဇင်ကိုနှင့် မောင်ဇင်ကိုနိုင်တို့မှာ ညီအစ်ကိုဖြစ် ပြီး ထက်လွင်ဦးမှာ သူငယ်ချင်းဖြစ် သည်။ မောင်ဇင်ကိုနိုင်နှင့် မောင်ဇင် ကိုမှာ မိဘများကဆင်းရဲပြီး အကြီး မောင်ဇင်ကိုနိုင်သည် သုံးတန်းနှင့် ကျောင်းထွက်ပြီး ရွာထိပ်ဈေးဆိုင် တွင် စာရင်းငှားလုပ်ရသည်။ အ ငယ်လေးကို ကျောင်းထားသော် လည်း မကြာခဏနေမကောင်းဖြစ် ၍ ကျောင်းပျက်သဖြင့် ကျောင်း ထုတ်လိုက်သည်။ ထက်လွင်ဦး မှာမူ မူလတန်းကျောင်းတွင် တက်ရောက်နေသည်။

ဘုရားတည်ခြင်းနှင့်ပတ် သက်၍ သူတို့ကိုမေးကြည့်ရာ ”ဘုရားတည်ချင်တဲ့ စိတ်ဖြစ် လို့တည်လိုက်တာ။ စိတ်ထဲ မှာ လုပ်ချင်လို့လုပ်လိုက် တာ”ဟုသာ ထပ်ခါထပ်ခါ ဖြေသည်။

ကလေးများမှာ စကားများများမပြော ကြပေ။ များများမေး၍မရပေ၊ ဘုရားတည်သော မြေကြီးကို ရွာအဝင် ကျောင်းအနီးမြေကွက်မှ တူး ယူကာ စက်ဘီးဖြင့် သယ်ယူကြောင်း သိရသည်။

အလှူခံမဏ္ဍပ်ရှိ ကိုမျိုးက ”ဥက္ကဋ္ဌတဲ ရှေ့ကမြေကြီးတွေကိုတူးယူပြီး စက်ဘီးနဲ့ လေး ရက်လောက်သယ်နေတာကိုတော့ တချို့လူတွေ တွေ့ကြတယ်။ ဒါပေမဲ့ ဘာလုပ်ဖို့သယ်မှန်းမသိ ကြဘူး။ ကန်ပေါင်စပ်မှာ မြေကြီးနဲ့ရေစပ်ပြီးလုံး နေတာတွေ့တော့ အရုပ်တို့လောက်စလုံးတို့လုပ် တာလို့ပဲထင်နေကြတယ်။ သွားကြည့်ဖြစ်တဲ့ အ ချိန်ကျတော့ အခုတွေ့ရတဲ့ စေတီတို့၊ ဂြိုဟ်တိုင် (တံခွန်တိုင်)၊ အရုပ်တွေပြီးနေပြီ။ ဒါပေမဲ့ လျောင်း တော်မူဘုရားတည်ပြီးမှ ဖူးရမယ်ဆိုလို့ လျောင်း တော်မူဘုရား ပြီးတဲ့အထိ စောင့်ကြည့်နေရ သေးတယ်”ဟု ပြောသည်။

ဇင်ကိုနှင့်ဇင်ကိုနိုင်တို့၏ အဖေဦးဌေး နိုင်က ”ဘုရားတည်တဲ့ကိစ္စ ကျွန်တော်တို့လဲမသိ ဘူး။ ဘာမှလဲ မကြားမိဘူး။ အကြီးကောင်က နံနက်ဆို စာရင်းငှားလုပ်တယ်။ ညနေကျ ပြန် လာတယ်။ အားလုံးပြီးမှပဲသိတာ။ သူတို့မေးတော့ ဘုရားတည်ချင်စိတ်ရှိလို့တည်တာလို့ ပြောတယ်။ သူတို့ဘယ်မှလဲ မသွားဖူးကြဘူး။ ဘုရားလဲမဖူး ဖူးဘူး”ဟုပြောသည်။

စာရင်းငှားအိမ်မှ အိမ်ရှင်အမျိုးသမီး က ”မောင်ဇင်ကိုက နံနက်ဆို နွားလာထုတ်တယ်။ ထမင်းစားချိန်ပြန်မလာဘူး။ ညနေနွားလာသွင်း ပေးတယ်။ သုံးရက်ဆက်တိုက် တစ်နေကုန်ပျောက် သွားသေးတယ်။ သူ့အိမ်ကို မေးကြည့်တော့ ထ မင်းစားချိန် ပြန်မလာဘူးပြောတယ်။ သူတို့ကို မေးကြည့်တော့ ကန်ပေါင်မှာ ဘုရားသွားတည် တာ အမေကြီးတစ်ယောက်က မုန့်တွေ၊ သစ်သီး တွေ လာကျွေးတာ စားလို့တောင်မကုန်ဘူးလို့ ပြောတယ်။ ညနေကျတော့ အဒေါ်ကြီး(အလုပ် ရှင်)ကိုကျွေးချင်လို့ ပုဆိုးခါးပုံစထဲထည့်လာတာ လမ်းလဲရောက်ရော မရှိတော့ဘူးလို့ပြောတယ်။ နောက်တစ်နေ့ လူကြီးတစ်ဦး မုန့်တွေလာပေး တယ်။ အဲဒီလူကြီးက ရွာကလဲမဟုတ်ဘူး။နောက် မတွေ့ရတော့ဘူးလို့ပြောတယ်”ဟုပြောသည်။

ယခုအခါ ယင်းနေရာတွင်ကိုးတောင် ပြည့်စေတီတည်ရန်ပြင်ဆင်နေပြီး တံခွန်တိုင်၊ နဂါး၊ ခြင်္သေ့စသည်တို့လည်း ထားရှိမည်ဖြစ်ပြီး ဝေါမြို့နယ်မှ ဆရာတော်သုံးပါး ဦးဆောင်ပြု လုပ်မည်ဟုသိရသည်။

နောင်ဘိုကျောင်းဆရာတော် ဦးအာ စိဏ္ဍ၊ ပုဗ္ဗာကျောင်းဆရာတော်၊ မဟာဂန္ဓာရုံ ကျောင်းဆရာတော် ဦးသန္ဓာစာရတို့ဖြစ်သည်။

စေတီတော်ဖြစ်မြောက်ရေးကော်မတီကို အ ယောက် ၄ဝဖြင့်ဖွဲ့ထားသည်ဟု သိရသည်။ ကန် အနီးတွင် မဏ္ဍပ်ထိုးကာ ခုံတန်းရှည်များချထားပြီး မဏ္ဍပ်နှင့် မလှမ်းမကမ်းတွင် အသီးတွေပုံ၍ လှီး သူကလှီးနေကြသည်။ နေ့စဉ် သက်သတ်လွတ် ကျွေးနေသည်ဟု သိရသည်။

‪#‎TheFlowerNews‬

No comments:

Post a Comment