အမေရိကန် နိုင်ငံတွင် နေထိုင်ပြီး ISIS နှင့် အခြား စစ်သွေးကြွ အဖွဲ့များကို ထောက်ပံ့မှုများ လုပ်ဆောင် ခဲ့သည့် လူခြောက်ဦးအား အမေရိကန် တရားရေး ဌာနက တရားစွဲဆို ခဲ့ကြောင်း သိရသည်။
တရားစွဲဆို ခံရသူများသည် ISIS ၊ အယ်လ်ကိုင်ဒါ နှင့် အယ်လ်နျူစရာ တပ်ဦး ကဲ့သို့သော အကြမ်းဖက်အဖွဲ့အစည်းများကို ငွေကြေးနှင့် အမေရိကန် စစ်ယူနီဖောင်း အပါအဝင် အခြား အသုံးအဆောင် ပစ္စည်းများကို ထောက်ပံ့ ခဲ့သောကြောင့် တရားစွဲဆို ခံရခြင်း ဖြစ်ကြောင်း အမေရိကန် တရားရေး ဌာနက ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြား ခဲ့သည်။
ဘော့စနီးယား နိုင်ငံသား ခြောက်ဦးအနက် ငါးဦးကို ဖမ်းဆီး နိုင်ခဲ့ပြီး အကြမ်းဖက် သမားများအား ထောက်ပံ့ပေးမှု အတွက် တရားစွဲဆို ခဲ့ခြင်းဖြစ်ကာ ကျန်တစ်ဦးမှာ နိုင်ငံရပ်ခြားတွင် လွတ်မြောက် နေကြောင်း အဆိုပါ ဌာန၏ အစီရင်ခံစာ တွင် ဖော်ပြ ထားသည်။
အဆိုပါ အဖွဲ့သည် အကြမ်းဖက် အဖွဲ့များ အနေဖြင့် အမေရိကန် ပြင်ပတွင် အကြမ်းဖက်မှု များကို ကျူးလွန် နိုင်ရန် အတွက် အမေရိကန် စစ်ဘက် ယူနီဖောင်းများ၊ တိုက်ပွဲဝင် ဖိနပ်များ၊ နည်းဗျူဟာမြောက် ချပ်ဝတ် တန်ဆာများ၊ စစ်ဘက် အပိုဆောင်း ရိက္ခာများ၊ စစ်လက်နက် ပစ္စည်းများနှင့် ငွေကြေးများ ထောက်ပံ့ ခဲ့ကြောင်း တရားရေး ဌာန၏ တရားစွဲ ဆိုချက်တွင် ဖော်ပြ ထားသည်။
ထို့အပြင် အဆိုပါ ထောက်ပံ့မှု များကို တူရကီနှင့် ဆော်ဒီအာရေး ဘီးယားနိုင်ငံ အတွင်းရှိ တတိယ အဖွဲ့အစည်းများမှ တစ်ဆင့် ဆီးရီးယား၊ အီရတ်နှင့် အခြားနေရာ များရှိ စစ်သွေးကြွ များထံသို့ ပို့ဆောင် ပေးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ စွဲချက်လွှာတွင် ဖော်ပြ ထားသည်။
အဆိုပါ ပြစ်မှု ကျူးလွန်သူ ခြောက်ဦးမှာ ဘော့စနီးယား နိုင်ငံသားများ ဖြစ်ကြပြီး မစ်ဆူရီ ပြည်နယ် စိန့်လူးဝစ် စီရင်စုတွင် နေထိုင်သည့် ရာမစ်ဇ်ဇီ ဂျဒ်ဟော့ဒ်ဇစ် နှင့် ၄င်း၏ ဇနီးဖြစ်သူ စီဒီနာအန် ကစ်ဟော့ဒ်ဇစ် အပြင် အာမင်ဟာစီဗစ်၊ နယူးယောက် ပြည်နယ် ယူတီကာမြို့ နေ နီဟဒ်ရိုဆစ်၊ အီလီနွိုက်စ် ပြည်နယ် ရှေးလားပါ့ခ် ကျေးရွာနေ မက်ဒီဟာ မက်ဒီဆယ်လ် ကီဆီဗစ် နှင့် ရော့ခ်ဖော့ထ် မြို့နေ ဂျက်စမင် ကာရာမစ် တို့ဖြစ်ကြောင်း သိရသည်။
Six Bosnians Arrested In US For Providing Money, Weapons To ISIS
U.S. charges 6 with aiding ISIS, Al Qaeda: Justice Department
#PyiChitThar

No comments:
Post a Comment