Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 2, 2015

မြို့ရွာ ဆိုင်းဘုတ်များမှာ ပါတီအမည်ထည့်သွင်းမှု တရားမဝင်


မြို့နယ်နဲ့ ကျေးရွာ အတော်များများရဲ့အမည်တွေမှာ နိုင်ငံရေးပါတီ တစ်ခုရဲ့အမည်ကို ထည့်သွင်းပြီး ဆိုင်းဘုတ် တပ်ဆင်တာဟာ ပြည်ထောင်စု အစိုးရက တရားဝင်ခွင့်ပြု ထားတာ မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဒီနေ့ ပြည်သူ့ လွှတ်တော်မှာ ပြောပါတယ်။

နိုင်ငံရေး ပါတီကြီး တစ်ခုက မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ မြို့နယ်တွေနဲ့ ကျေးရွာတချို့ရဲ့ အမည်တွေမှာ သူတို့ရဲ့ပါတီအမည်တွေကို ထည့်သွင်းပြီး ဆိုင်းဘုတ်တပ်ထားတာကို အစိုးရက အရေးယူဖို့ ရှိ၊ မရှိ ဆိုပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မေးမြန်းရာမှာ ပြည်ထဲရေး ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"ပြည်ထဲရေးဝန်ကြီးဌာန အနေနဲ့ကတော့ ပြည်ထောင်စု အစိုးရအဖွဲ့က အတည်ပြုထားတဲ့ တိုင်းဒေသကြီး ပြည် နယ် မြို့ ရပ်ကွက် ကျေးရွာ ကျေးရွာအုပ်စု ကျေးရွာအမည်များကိုသာ အတည်ပြု သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားပြီးလည်းဖြစ်ပါတယ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်များကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ အတည်ပြုထားတဲ့ အမည်စာရင်းများ အတိုင်းသာ လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားသွားမှာဖြစ်ပါတယ်၊ ဒီညွှန်ကြားချက်အပေါ် မူတည်ပြီးတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်များကလည်း ဆက်လက်ပြီး ဒီညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ ဒီလိုဆောင်ရွက်တဲ့အခါမှာ အမိန့်တွေ ညွှန်ကြားချက်တွေ ထုတ်ပြန်ဆောင်ရွက်ပြီး တကယ်လို့ဆောင်ရွက်ခြင်း မရှိရင်တော့ သက်ဆိုင်ရာ တည်ဆဲ ဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်သွားပါမယ်"

ပဲခူး၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးပါတီ အမည်နဲ့ ပြည်ခိုင်ဖြိုးရွာ ၊ ပြည်ခိုင်ဖြိုးမြို့ဆိုပြီး အမည်တွေ ထည့်သွင်းထားတယ်လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/political-party-names-on-village-signboards-unauthorized-02022015104123.html

No comments:

Post a Comment