Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 22, 2015

အစွန်းရောက်သူရဲ့ အွန်လိုင်းကို မစောင့်ကြည့်ဘူးလို့ ဗြိတိန်ကို စွပ်စွဲကြ

မိဘတွေ မသိပဲ ထွက်ခွာကြတဲ့ ကျောင်းသူတွေ IS အဖွဲ့နဲ့ ပူးပေါင်းမှာကို စိုးရိမ်နေကြ (Credit: ABC licensed) 
အစွန်းရောက် ​သမားတစ်ဦးရဲ့ ​လူမှုကွန်ယက် ​တွစ်တာကို ​သေခြာစောင့်ကြည့် ​မှုတွေ ​မလုပ်ဘူးဆိုပြီး ​ဗြိတိန်နိုင်ငံ ​လုံခြုံရေးဌာနကို ​အပြစ်တင်နေကြပါတယ်။

အဲဒီ ​အစွန်းရောက်သမားတစ်ဦးရဲ့ ​လူမှုကွန်ယက်ကို ​ဗြိတိန်နိုင်ငံက ​ကျောင်းသူ ​သုံးဦးကို ​မြားပြီး ​ဆီးရီးယားက ​ဂျီဟတ်ဒစ်သမားတွေနဲ့ ​ပူးပေါင်းစေခဲ့ပါတယ်။

အဲဒီ ​လူမှုကွန်ယက်အကောင့် ​ပိုင်ရှင်ကတော့ ​Aqsa ​Mahmood ​ဖြစ်ပါတယ်။

Aqsa ​Mahmood ​ဟာ ​လွန်ခဲ့တဲ့ ​နှစ်နှစ်ကတည်းက ​ဗြိတိန်ကနေ ​ဆီးရီးယားနိုင်ငံကို ​သွားပြီး ​IS ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့နဲ့ ​ပူးပေါင်းခဲ့သူ ​ဖြစ်ပါတယ်။ ​အဲဒီအချိန်ကစပြီး ​လူမှုကွန်ယက်ကနေတဆင့် ​တခြား ​အမျိုးသမီးနဲ့ ​မိန်းကလေးတွေကို ​မြားခေါ်ပြီး ​သူ့လို ​လုပ်ဆောင်ဖို့ ​တိုက်တွန်းလေ့ ​ရှိပါတယ်။

အဲဒီလို ​တိုက်တွန်းမှုတွေကြောင့်လည်း ​အရင်တစ်ပါတ်ကပဲ ​အသက် ​၁၅ ​နှစ်အရွယ် ​ကျောင်းသူ ​နှစ်ဦးနဲ့ ​အသက် ​၁၆ ​နှစ်အရွယ် ​တစ်ဦးတို့ ​ဗြိတိန်ကနေ ​ထွက်ခွာနိုင်ခဲ့ပါတယ်။

အဲဒီလို ​လူမှုကွန်ယက်ကနေတဆင့် ​ကျောင်းသူ ​တစ်ယောက်က ​Mahmood ​နဲ့ ​အဆက်အသွယ်လုပ်ပြီး ​ထွက်ခွာသွားတာကို ​ဗြိတိန်လုံခြုံရေး ​သမားတွေ ​မသိရကောင်းလားဆိုပြီး ​ကျောင်းသူရဲ့ ​မိဘဆွေမျိုးတွေက ​စိတ်ဆိုးဝေဖန်နေကြတာပါ။

လုံခြုံရေးသမားတွေရဲ့ ​ပေါ့ဆမှုကြောင့် ​အဲဒီလို ​ဖြစ်ရပ်မျိုးကို ​မိသားစု ​ဘယ်နှစ်စု ​ကြုံတွေ့ရပြီလဲ ​ဆိုတာကို ​မေးခွန်းထုတ်နေကြပြီလို့ ​အဲဒီ ​မိသားစုရဲ့ ​ရှေ့နေက ​ပြောသွားခဲ့တာ ​ဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ​ဒေးဗစ်ကင်မရွန်ကတော့ ​အကြမ်းဖက်မှုကို ​တိုက်ဖျက်ရာမှာ ​ရဲတွေကိုပဲ ​လွဲအပ်လို့မရပဲ ​မိသားစုတွေ၊ ​စာသင်ကျောင်းတွေရဲ့ ​အလုပ်လဲ ​ဖြစ်တယ်လို့ ​တုန့်ပြန်ထားတဲ့အကြောင်း ​Mary ​Gearin ​က ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2015-02-23/1417645

No comments:

Post a Comment