Saturday, February 7, 2015
စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တစ် ဦးက အမျိုးသမီးတစ်ဦးကို ဓား ဖြင့် ထိုးသတ်လိုက်မှုတစ်ခု ပျဉ်းမ နားမြို့ ယုဇနဈေးအနီးရှိ တည်းခို ခန်းတစ်ခုတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ စစ်ဘက်ဆိုင် ရာ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်က မည်သည့်အကြောင်းဖြင့် အဆိုပါ အမျိုးသမီးအား ဓားဖြင့် ထိုးသည် ကို စုံစမ်းနေဆဲဖြစ်ပြီး အမျိုးသမီး အား ဓားဖြင့် ၁၇ ချက်ထိုးခဲ့ခြင်း ဖြစ်သည်ဟု နေပြည်တော်တိုင်းရဲ တပ်ဖွဲ့မှူးကပြောသည်။
‘‘တပ်မတော်သားတစ်ဦး ဖြစ်ပါတယ်။ သမီးရည်စားအချင်း ချင်းပြဿနာဖြစ်တာလို့
ခန့်မှန်း ထားတယ်။ အသေးစိတ်ကတော့ စစ်ဆေးနေတုန်းရှိပါသေးတယ်’’
ဟုအထက်ပါပုဂ္ဂိုလ်ကပြော သည်။အဆိုပါအမှုကို ပျဉ်းမနား မြို့မရဲစခန်းတွင်
လူသတ်မှု ပြစ်မှု ဆိုင်ရာပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ထားကြောင်း ရဲစခန်းမှ
စခန်းမှူး ဒုရဲမှူးတင်ဌေးကပြောသည်။
လူသတ်မှုကျူးလွန်သည့် တရားခံသည် တပ်မတော်သား တစ်ဦးဖြစ်သည့်အတွက် တပ်မ တော်ထံသို့ လွှဲအပ်သွားမည်ဖြစ် ကြောင်း နေပြည်တော်တိုင်း ရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။
7 Day Daily
လူသတ်မှုကျူးလွန်သည့် တရားခံသည် တပ်မတော်သား တစ်ဦးဖြစ်သည့်အတွက် တပ်မ တော်ထံသို့ လွှဲအပ်သွားမည်ဖြစ် ကြောင်း နေပြည်တော်တိုင်း ရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။
7 Day Daily
No comments:
Post a Comment