ယခုအခါ ကမ္ဘာတစ်ဝန်း ဖေ့စ်ဘွတ်ခ် သုံးသူ သန်း (၁၄၀၀) နီးပါး ရှိနေပြီ။
ထိုသူများ အနက် ဖေ့စ်ဘွတ်ခ် သုံးခြင်းသည် အင်တာနက် သုံးခြင်းဖြစ်ကြောင်း
မသိသူ သန်းပေါင်းများစွာ ရှိနေကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်အရ သိရသည်။
အင်ဒိုနီးရှားနှင့် နိုင်ဂျီးရီးယား နိုင်ငံတို့တွင် သဘောထား
စစ်တမ်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။ ဖေ့စ်ဘွတ်ခ် သုံးပါသလား၊ အင်တာနက်
သုံးပါသလား ဟူ၍ ခွဲပြီး မေးကြည့်သည်။ ထိုအခါ နှစ်နိုင်ငံလုံးမှ စစ်တမ်း
ဖြေဆိုသူ (၁၀) ယောက်တွင် (၁) ယောက်က ဖေ့စ်ဘွတ် သုံးလား မေးသည့်အခါ
ဖေ့စ်ဘွတ်ခ် နေ့တိုင်း သုံးသည်ဟု ဖြေသည်။
အင်တာနက် သုံးလား
မေးသည့်အခါ အင်တာနက် မသုံးဟု ဆိုကြသည်။ ဖေ့စ်ဘွတ်ခ် သုံးခြင်းသည် အင်တာနက်
သုံးခြင်းလည်း မည်ကြောင်း မသိကြဟု စစ်တမ်းက ထောက်ပြသည်။
စစ်တမ်းကို Quartz သုတေသန လုပ်ငန်းက ကောက်ယူခဲ့ခြင်း ဖြစ်သည်။
ဖေ့စ်ဘွတ်ခ်နှင့် အင်တာနက် ဆက်စပ်မှုကို မသိသူများသည် ယခင်က တစ်ခါမှ
အင်တာနက် မသုံးဖူးဘဲ ယခုမှ ဖုန်းနှင့် ဖေ့စ်ဘွတ်ခ် တန်းသုံးဖူးသူများ
ဖြစ်ကြောင်းလည်း သိရသည်။
စစ်တမ်းတွင် အင်ဒိုနီးရှားမှ လူ
ငါးရာ၊ နိုင်ဂျီးရီးယားမှ လူ ငါးရာကို သုတေသနပြု မေးမြန်းထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဖုန်းဖြင့် အင်တာနက်
သုံးသူများကို ပစ်မှတ်ထားသည့် အနေဖြင့် ဖုန်းများသို့ စာသား မက်ဆေ့ဂ်ျ
ပေးပို့ပြီး မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ထိုအခါ
အင်ဒိုနီးရှားမှ စစ်တမ်း ဖြေဆိုသူ (၁၀) ရာခိုင်နှုန်းက ဖေ့စ်ဘွတ်ခ် သုံးသည်၊
အင်တာနက် ဆိုတာတော့ မသုံးဟု ဖြေကြသည်။ နိုင်ဂျီးရီးယား တွင်လည်း စစ်တမ်း
ဖြေဆိုသူ (၉) ရာခိုင်နှုန်းကလည်း သူတို့ အင်တာနက်ကို မသုံး၊ ဖေ့စ်ဘွတ်ခ်သာ
သုံးသည်ဟု ဖြေကြသည်။
တကယ်တမ်းတွင် ဖေ့စ်ဘွတ်ခ် ဟူသည်
အင်တာနက် စနစ်ကြီးထဲက အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည်။ သို့သော်
နိုင်ဂျီးရီးယားမှ စစ်တမ်း ဖြေဆိုသူ (၆၅) ရာခိုင်နှုန်းထိက အင်တာနက် ဟူသည်
ဖေ့စ်ဘွတ်ခ်၊ ဖေ့စ်ဘွတ်ခ် ဟူသည် အင်တာနက်ဟု အလွဲနားလည် သဘောပေါက်
နေကြကြောင်းလည်း စစ်တမ်း ရလဒ်များက ဖော်ပြနေသည်။ အင်ဒိုတွင်လည်း ထိုသို့
နားလည်နေသူက (၆၁) ရာခိုင်နှုန်းထိ ရှိသည်။
Quartz အဖွဲ့သည်
အင်ဒိုနှင့် နိုင်ဂျီးရီးယားအပြင် အိန်္ဒိယ၊ ဘရာဇီးနှင့် အမေရိကန်
တို့တွင်လည်း သီးခြား ထပ်မံ ကောက်ယူခဲ့ပြန်ရာ အိန္ဒိယ (၅၈) ရာခိုင်နှုန်း၊
ဘရာဇီး (၅၅) ရာခိုင်နှုန်းကလည်း အထက်ပါအတိုင်း အင်တာနက် ဟူသည် ဖေ့စ်ဘွတ်ခ်၊
ဖေ့စ်ဘွတ်ခ် ဟူသည် အင်တာနက်ဟု ကျဉ်းမြောင်းစွာ နားလည် နေကြကြောင်း
တွေ့ရသည်။ အမေရိကန် နိုင်ငံသားများတွင် ထိုသို့ အလွဲ နားလည် လက်ခံသူက (၅)
ရာခိုင်နှုန်းသာ ရှိကြောင်းလည်း သိရသည်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=32152
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, February 19, 2015
အင်တာနက်ဆိုတာ ချိုနဲ့လား၊ ဒို့ကတော့ ဖေ့စ်ဘွတ်ခ်ပဲ သိတယ် ဆိုသူတွေများနေ
အင်တာနက်ဆိုတာ ချိုနဲ့လား၊ ဒို့ကတော့ ဖေ့စ်ဘွတ်ခ်ပဲ သိတယ် ဆိုသူတွေများနေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 19, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment