Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 8, 2015

ဓားစာခံသေဆုံးကြောင်း အိုင်အက်စ်ထုတ်ပြန်ချက် အတည်မပြုနိုင်ဟု အမေရိကန်ပြော

အိုင်အက်စ်တွေရဲ့ ဖမ်းဆီးခံထားရတဲ့ အမေရိကန်အမျိုးသမီးဓားစာခံ ခေလာမြူလာ (Kayla Mueller) ဟာ ဂျော်ဒန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ သေဆုံးခဲ့ပြီလို့ အိုင်အက်စ်တွေက ပြောဆိုမှုကို အတည်မပြုနိုင်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
မြူလာ သေဆုံးတယ်ဆိုတဲ့ အထောက်အထားမရှိဘူးလို့လည်း အိမ်ဖြူတော်က ပြောဆိုထားပါတယ်။
မြူလာရဲ့ မိဘတွေကတော့ သူတို့သမီး အသက်ရှင်လျက်ရှိဖို့ မျှော်လင့်တယ်လို့ ဖေဖော်ဝါရီ ၇ ရက်နေ့က ပြောပါတယ်။
ဂျော်ဒန်တိုက်လေယာဉ်မှူး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရအပြီးမှာ ဂျော်ဒန်နိုင်ငံက လေကြောင်းစစ်ဆင်ရေးကို တိုးမြှင့်ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း မြူလာ သေဆုံးခဲ့တယ်ဆိုတဲ့ အဆောက်အဦဓာတ်ပုံကို အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်အဖွဲ့တွေက ပြသခဲ့ပေမယ့် မြူလာသေဆုံးတဲ့ပုံကိုတော့ ပြသခဲ့ခြင်းမရှိပါဘူး။
အသက် ၂၆ နှစ်အရွယ် အမေရိကန်ဓားစာခံ ခေလာမြူလာဟာ မြောက်အရီးဇိုးနားတက္ကသိုလ် ဘွဲ့ရရှိသူတဦးဖြစ်ပြီး ၂၀၁၂ ခုနှစ်က ဆီးရီးယား-တူရကီနယ်စပ်မှာ လူမှုကယ်ဆယ်ရေး လာရောက်လုပ်ကိုင်ပေးရင်း ၂၀၁၃ ခုနှစ်က အလစ်ပိုမြို့မှာ ဖမ်းဆီးခံခဲ့ရတာပါ။
တကယ်လို့ သူသေဆုံးခဲ့တာ မှန်ရင်တော့ အိုင်အက်စ်လက်အတွင်း သေဆုံးခဲ့တဲ့ ၄ ဦးမြောက် အမေရိကန်နိုင်ငံသားဖြစ်လာမှာပါ။ သူ့အရင် ၃ ယောက်ကတော့ ခေါင်းဖြတ်သတ်ဖြတ်ခံရပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့ မနက်ပိုင်းက အမ်မန်မြို့တော်မှာ အိုင်အက်စ်စစ်ဆင်ရေး ထောက်ခံဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပြီး ဂျော်ဒန်ဘုရင်ရဲ့ မိဖုရားကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။
DVB

No comments:

Post a Comment