Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 6, 2015

'မိုးစက်တို့ ပရဟိတ အဖွဲ့နဲ့ လိုက်ပါခွင့် ရမယ့် ပရိသတ် သုံးယောက်ကို အက်ဆေးပြိုင်ပွဲလုပ်ပြီးရွေးမယ်'


Friday, February 6, 2015
မိုးစက်ဝိုင် ဦးဆောင်ဖွင့်လှစ်ထားသည့်''မြန်မာ နှလုံးသား'' ပရဟိတအဖွဲ့၏ ပရဟိ တခရီးစဉ်တွင် လိုက်ပါခွင့်ရသည့် ပရိသတ်သုံးဦးအား အက်ဆေးပြိုင် ပွဲပြုလုပ်ကာ ရွေးချယ်မည်နှင့်ပတ် သက်၍ အလှမယ်မိုးစက်ဝိုင်က အခု လိုပဲပြောပြခဲ့ပါတယ်။
''မိုးစက်ဦးဆောင်ပြီးတော့ဖွင့် ထားတဲ့ 'မြန်မာနှလုံးသား'ပရဟိတ အဖွဲ့ရဲ့ ပထမဦးဆုံး ခရီးစဉ်အနေနဲ့ ပရဟိတသွားလုပ်ဖို့ရှိပါတယ်။ အဲဒီ လိုပရဟိတ အလုပ်တွေသွားလုပ်တဲ့ နေရာမှာ မြန်မာနိုင်ငံကအလှမယ် တွေလဲပါမယ်၊ ပြီးတော့ နိုင်ငံတ ကာက အလှမယ်တွေလဲ ပါအောင် မိုးစက် ဖိတ်ခေါ်ထားပါတယ်။ အဲဒီ လိုမျိုးပရဟိတအလုပ်တွေသွားလုပ် ရင် လိုက်ပါချင်တဲ့ပရိသတ်တွေလဲ ရှိနေပါတယ်။ အဲဒီပရိသတ်တွေ အဓိကထားပြီးတော့ မိုးစက် ဒီအက် ဆေးပြိုင်ပွဲလေး လုပ်ဖို့အတွက် စဉ်း စားမိခဲ့တာပါ။
''မြန်မာနှလုံးသား'' ပရဟိတအဖွဲ့အနေနဲ့ ပထမဦးဆုံး အလှူဖြစ်တဲ့အတွက် မိုးစက်တို့ ဘက်က ပရိသတ်တွေအများကြီးကို ခေါ်ချင်ပေမယ့်လဲ အကြောင်းအမျိုးမျိုး ကြောင့် မခေါ်နိုင်ဘူးဖြစ်နေပါတယ်။
အဲဒါကြောင့်''မြန်မာနှလုံးသား''ပရ ဟိတအဖွဲ့ရဲ့ပထမဦးဆုံးအလှူမှာ ပါဝင်ချင်တဲ့ပရိသတ် သုံးယောက် ကို မိုးစက်တို့ရွေးချယ်သွားမှာပါ။
မိုးစက်တို့ပရဟိတအဖွဲ့နဲ့အတူတူ လိုက်ပါခွင့်ရမယ့် ပရိသတ်သုံးယောက် ကိုမိုးစက်တို့က အက်ဆေးပြိုင်ပွဲ လေးတစ်ခုလုပ်ပြီးတော့ ရွေးချယ် သွားမယ်။
ပြိုင်ပွဲကတော့ ''ပရဟိတ ဆိုသည်မှာ'' ခေါင်းစဉ်နဲ့ မြန်မာလို အက်ဆေး တစ်ပုဒ်ရေးသားပေးပို့ ပေးရမှာပါ။ မိုးစက်ရဲ့ဖေ့စ်ဘွတ်ခ်ထဲ ကိုအက်ဆေးပေးပို့ ပေးနိုင်ပါတယ်။ အဲဒီပေးပို့လာတဲ့ အက်ဆေးတွေ အားလုံးကို မိုးစက်က စာမျက်နှာ ပေါ်တင်ပြီးတော့ ပရိသတ်တွေရဲ့ ဆုံး ဖြတ်ချက်ကိုယူမယ်။
ပရိသတ်တွေ မဲအများဆုံး Like အများဆုံး သုံး ယောက်ကိုရွေးပြီးတော့ မိုးစက်တို့ရဲ့ ပထမဦးဆုံးပရဟိတအလှူမှာ လိုက် ပါခွင့်ရမှာပါ။
အခုအကြိမ်ကတော့ ပထမဦးဆုံးအကြိမ်ဖြစ်တဲ့အတွက် ပရိသတ်တွေ အများကြီးကို မခေါ် နိုင်တာပါ။ နောက်ပိုင်းကျရင်တော့ ဒီထက် ပရိသတ်များများခေါ်နိုင် အောင် မိုးစက်တို့စီစဉ်မှာပါ။
မိုး စက်တို့နဲ့ လိုက်ပါခွင့်ရမယ့်သူ သုံး ယောက်ကို ဖေဖော်ဝါရီ ၂၁ရက်မှ တရားဝင်ကြေညာပေးသွားမှာပါ။ ဘယ်နေရာမှာ သွားလှူဖြစ်မယ်ဆို တာကိုလည်း မိုးစက်သေချာတော့ စီစဉ်နေပါတယ်။ နေရာအတိအကျ ကိုတော့ မိုးစက်ပြန်ပြောမှာပါ''
ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
Yangon Media Group

No comments:

Post a Comment