တရုတ်ကွန်မြူနစ်ပါတီ အကြီး တန်း အရာရှိဟောင်းတစ်ဦးက ဘီ ဘီစီသတင်းထောက်တစ်ဦးအား ၎င်း ၏နေအိမ်သို့ ဖိတ်ခေါ်ခြင်းမှာ ဖြစ် နိုင်ရန် အခွင့်အရေး နည်းလွန်းသည့် ကိစ္စတစ်ခုဖြစ်သည်။ ထိုအရာရှိမှာ တရုတ်ထိပ်တန်းခေါင်းဆောင်များနှင့် နှီးစပ်ပတ်သက်မှုရှိပြီး နိုင်ငံ၏ လုံခြုံ ရေးဌာနများနှင့် နီးကပ်စွာ ဆက်နွှယ် လုပ်ကိုင်ဖူးသူဆိုပါက ထိုသို့ဖိတ်ခေါ် ရန်မှာ မဖြစ်နိုင်သည့် အကြောင်းအ ရာဖြစ်သည်။ ထိုထက်ပို၍ အဆိုပါအ ရာရှိကြီးက ဒလိုင်းလားမား၏ ဓာတ်ပုံကို နေအိမ်ဘုရားခန်းတွင်ထားရှိ၍ ဝတ်ပြုဆည်းကပ်လျက်ရှိသည်ကို ဘီ ဘီစီသတင်းထောက်အား ဖိတ်ခေါ်ပြသသည်ဆိုပါက မည်သို့မျှမဖြစ်နိုင်သည့် ဟာသတစ်ခုဟုသာ ပြောကြ မည်ဖြစ်သည်။
သို့သော် တရုတ်ထိပ်တန်းအရာရှိဟောင်းတစ်ဦးဖြစ်သူ ရှောင်ဝူနန်က ထိုအရာအားလုံးကို ပြုလုပ်ခဲ့သည်။ ဘေဂျင်းရှိ ရှောင်၏ အဆင့်မြင့်နေအိမ်အတွင်းရှိ ဗုဒ္ဓဘာသာဘုရားစင်တွင် ပြည်ပရောက် တိဘက်ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား၏ ဓာတ် ပုံတစ်ပုံထားရှိထားသည်။ ဒလိုင်းလား မားမှာ အန္တရာယ်ရှိသည့် ခွဲထွက်ရေး သမားတစ်ဦးအဖြစ် တရုတ်အစိုးရက ကာလရှည်ကြာ မှတ်ယူခြင်းခံထားရသူဖြစ်သည်။ ဒလိုင်းလားမား၏ ဓာတ် ပုံအား ပိုင်ဆိုင်ထားခြင်းမှာ အန္တရာယ် ရှိသည့်အခြေအနေဖြစ်ပြီး ဘုန်းကြီး ကျောင်းများ၌ ၎င်း၏ဓာတ်ပုံကို ချိတ် ဆွဲပြသခွင့် ပိတ်ပင်ထားသည်။
ရှောင်က ‘တရုတ်နိုင်ငံနဲ့ ဒလိုင်း လားမား ကြားမှာ နိုင်ငံရေးပြဿနာ တွေရှိနေပေမယ့် ကျွန်တော်တို့ ဂရုမ စိုက်နိုင်ပါဘူး။ သူ့ကို အဲဒီလိုရှုထောင့် က မြင်ကြည့်ဖို့ခက်ခဲပါတယ်။ ဗုဒ္ဓဘာ သာဝင်တစ်ဦးအနေနဲ့ ဒလိုင်းလားမား ကို ဗုဒ္ဓဘာသာအလေ့အကျင့်ရဲ့ အ စိတ်အပိုင်းတစ်ခုအဖြစ်ပဲ မှတ်ယူထားပါတယ်’ ဟု ပြောကြားသည်။
ရှောင်သည် အသက် ၃၆ နှစ်အ ရွယ် စီးပွားရေးသမားတစ်ဦးဖြစ်သူ ဆန်ကီဂျာမှတစ်ဆင့် ဘီဘီစီနှင့်ဆက် သွယ်မိခြင်းဖြစ်သည်။ ဆန်သည် ပြီး ခဲ့သည့် နှစ်များအတွင်း တိဘက်ဗုဒ္ဓ ဘာသာကို လိုက်စားခဲ့သည့် ချမ်း သာကြွယ်ဝသူတစ်ဦးဖြစ်သည်။ တ ရုတ်ပြည်သူလူထုကြား ဘာသာရေး လိုက်စားမှုမြင့်တက်လာကြောင်း ရေး သားဖော်ပြမှု အများအပြားရှိပြီး စီးပွားရေး အလျင်အမြန် တိုးတက်လာ ခြင်းက အကြောင်းရင်း တစ်ခုဖြစ်သည် ဟုဆိုသည်။
ယနေ့ အချိန်တွင် တရုတ်ပြည်သူ သန်းပေါင်း များစွာသည် ယခင်မျိုး ဆက်များအတွက် အိပ်မက်သဖွယ် သာဖြစ်သည့် ချမ်းသာမှုမျိုး ရရှိပိုင် ဆိုင်နေပြီ ဖြစ်သည်။ သို့သော် စီးပွား ရေးတိုးတက်မှုက လူမှုရေးကသောင်း ကနင်းဖြစ်မှုများ ပေါ်ပေါက်လာစေပြီး ယခင် ကွန်မြူနစ် အတွေးအခေါ် ဟောင်းများကိုလည်း ပျက်ပြယ်သွား စေခဲ့သည်။
ဆန်က ‘ကျွန်တော်တစ်ခါတုန်းက စီးပွားရေးလုပ်ငန်းမှာ ပြဿနာတွေ့ ကြုံခဲ့ပြီး အခက်အခဲ ကြီးကြီးမားမားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လူတစ်ယောက်ရဲ့ ကြိုးစား အားထုတ်မှုနဲ့ မကျော်လွှားနိုင်ဘူးလို့ ကျွန်တော်ထင်မှတ်ခဲ့ရတဲ့ အဲဒီ ပြဿနာတွေ ဖြေရှင်းနိုင်အောင် ဗုဒ္ဓက ကူညီခဲ့ပါတယ်’ဟု ဆိုသည်။
ထိုအဖြစ်အပျက်ပြီးနောက် ဆန် သည် ဘာသာရေးလိုက်စားသူတစ် ဦးဖြစ်လာပြီး အထူးသဖြင့် တိဘက် ဘုန်းတော်ကြီးများကို ဆည်းကပ်ခဲ့ သည်။ ထိုသို့ ဆည်းကပ်ခြင်းက သူ ၏ကံကြမ္မာကို မြင့်မားစေခဲ့သည်ဟု ဒေါ်လာသန်း ၁၀၀ ကျော်ကြွယ်ဝ သည့် ဆန်ကဆိုခဲ့သည်။
ဆန်က ယခုအခါတွင် ဗုဒ္ဓဘာသာအသင်းတစ်ခုကို တည်ထောင်ထားပြီး ထိုကလပ်တွင် တရားဟောရန် တိဘက်ဘုန်း တော်ကြီးများကို ပင့် ဖိတ်လေ့ရှိသည်။ ထို့အပြင် တိဘက် ဒေသရှိ ဘုန်းကြီးကျောင်းများပြုပြင် ခြင်းနှင့် တိဘက်ဘုန်းကြီးများ၏ သာသနာပြုလုပ်ငန်းများအတွက် အလှူငွေများ လှူဒါန်းခဲ့သည်။ ဆန်က စီး ပွားရေးသမားများ၊ အရာရှိများနှင့် မြေယာပိုင်ရှင်များကို စိတ်ပိုင်းဆိုင် ရာ ကျေနပ်နှစ်သိမ့်မှုရစေရန် သူ၏ဗုဒ္ဓဘာသာအသင်းသို့ ဖိတ်ခေါ်ခဲ့ပြီး နောက် ဩဇာလွှမ်းမိုးမှုကိုပါ တွေ့ရှိ ခဲ့သည်။ ‘ဒီကိုလာတဲ့ ကျွန်တော့်မိတ် ဆွေတွေက ဒီနေရာကို နှစ်သက်သွား ကြပါတယ်။ သူတို့နဲ့အတူ ပါလာတဲ့ အရင်းအမြစ်တွေကို သုံးပြီး ကျွန်တော် က အခြားအလုပ်တွေကို ဆက်လုပ်နိုင် ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် ကျွန်တော့်ရဲ့ ပါဝင်ဆောင်ရွက်မှုပါ။ ဒီလို လုပ်တာဟာ ကျွန်တော့်အတွက် ကံကောင်းစေပြီး လိုချင်တာ တွေလည်း ဖြစ်လာစေပါတယ်’ ဟု ဆန်ကပြောကြားခဲ့ပြီး သူ့ပုံစံကပြောသည့်အတိုင်း မှန်ကန်နေပုံပေါ်သည်။
ဆန်၏ အသင်းတွင် တရုတ်ခေါင်း ဆောင်ပိုင်း နှင့် အဆက်အသွယ် ကောင်းကောင်းရှိသူများပါဝင်သည့် တရုတ်နိုင်ငံရေးလောကအတွင်း အ မြင့်ဆုံးပုဂ္ဂိုလ်များနှင့် မိသားစုဆက် နွှယ်မှုရှိသည့် အမျိုးသမီးတစ်ဦးလည်း ပါဝင်သည်ဟုဆိုသည်။ ၎င်းတို့အ သင်း၌ ဘာသာရေးအခမ်းအနားများ ပြုလုပ်ပြီးလျှင် ခမ်းနားသည့် စား သောက်ပွဲများပြုလုပ်ကြပြီး ထိုသို့ပြု လုပ်ခြင်းကို သဘောမတွေ့လှကြောင်း ဘုန်းတော်ကြီးများကဆိုသည်။ ‘ဘယ်လောက်ကောင်းတဲ့ အစားအစာတွေ ဖြစ်ပါစေ။ ဒါဟာ အစားအစာပါပဲ။ တစ်ခါတစ်ရံ စိုးရိမ်သောက ရောက် နေပေမယ့် တရားဟောပြောဖို့ နည်း လမ်းတစ်ခုကတော့ရှိနေမြဲပါ။ အာဏာနဲ့ ကြွယ်ဝမှုက နိဗ္ဗာန်ရောက်အောင် မလုပ်နိုင်ပါဘူး။ ဗုဒ္ဓဘာသာမှာတော့ ကောင်းမှုလုပ်မှ ကုသိုလ်ရမှာပါ’ ဟု တိဘက်ဘုန်းတော်ကြီးတစ်ပါးက ဆိုသည်။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများမှာ ယခုအခါ တရုတ်မြို့ကြီးများတွင် ဆည်းကပ်ခံရမှုနှင့် အလှူငွေအများ အပြား ရရှိလျက်ရှိသည်။ တရားဝင် အားဖြင့် ဘာသာမဲ့နိုင်ငံတစ်ခုဖြစ် သည့် တရုတ်တွင် ထိုအချက်က ထူး ဆန်းအံ့ဩဖွယ်တစ်ခု ဖြစ်နေသည်။
အမှန်တကယ်အားဖြင့် တရုတ် အစိုးရက ဗုဒ္ဓဘာသာပြန့်ပွားလာမှု ကို ခွင့်ပြုထားသည့်အပြင် အားပေး လျက်ရှိသည်ဟုပင် ဆိုနိုင်သည်။ တ ရုတ်သမ္မတ ဇီကျင်ပင်းသည် ယခင် ခေါင်းဆောင်များထက် ဘာသာရေး အပေါ် ပိုမိုသည်းခံမှုရှိပြီး တရုတ် နိုင်ငံ၏ ကိုယ်ကျင့်သိက္ခာဟာကွက် ကို ဘာသာရေးက ဖြည့်ဆည်းပေး နိုင်ပြီး လူမှုမတည်ငြိမ်မှုများကို တားဆီးပေးနိုင်မည်ဟု မျှော်လင့်ထား သည်။ သမ္မတကတော် ပန်လိယန် အပါအဝင် တရုတ်ထိပ်တန်း အသိုင်းအဝိုင်းအချို့မှာ ဘာသာရေးကို စိတ် ဝင်စားလျက်ရှိနေသည်ဟု ဆိုသည်။ သမ္မတ၏ဖခင် ကွန်မြူနစ်တော်လှန် ရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဇီဇောင် ဆန်းမှာ ဒလိုင်းလားမား တရုတ်နိုင် ငံမှ ၁၉၅၉ တွင် ထွက်ခွာခြင်းမပြုမီ ကောင်းမွန်သည့် ဆက်ဆံရေးရှိခဲ့သူ ဖြစ်သည်။
ပြီးခဲ့သည့်နှစ်များအတွင်း တရုတ် နိုင်ငံတွင် ဗုဒ္ဓဘာသာဝင် သန်းနှင့်ချီ တိုးပွားလာခဲ့သည်။ တရုတ်ကွန်မြူ နစ်ပါတီကလည်း ဘာသာရေးအပေါ် အထူးသဖြင့် တရုတ်ဗုဒ္ဓဘာသာအ ပေါ် ဖြေလျှော့မှုများ ပြုလုပ်လာသည်။ အိမ်နီးချင်းအာရှနိုင်ငံများနှင့် တရုတ် ၏ ဆက်ဆံရေးတိုးတက်စေရန် ဗုဒ္ဓ ဘာသာက အရေးပါသည့် နေရာမှ ပါဝင်ကြောင်း တရုတ်အစိုးရက မှတ် ယူလာကြသည်။
အရေးကြီးသည့် မေးခွန်းတစ်ခု မှာ ရှောင်က ဘီဘီစီသတင်းထောက် ကိုဖိတ်ခေါ်၍ ၎င်း တီဘက်ဗုဒ္ဓဘာသာ အား ဝတ်ပြုနေသည်ကို ပြသခဲ့ခြင်းမှာ အချက်ပြမှု တစ်ခုလား ဆိုသည့် အချက်ဖြစ်သည်။ ရှောင်က ၂၀၁၂ တွင် ဒလိုင်းလားမားထံ သွားရောက် တွေ့ဆုံခဲ့သည့် ဗီဒီယိုအား ဘီဘီစီ သတင်းထောက်ကို ပြသခဲ့သည်။ တ ရုတ်အစိုးရနှင့် နီးစပ်သူ တစ်ဦးဦးနှင့် ဒလိုင်းလားမားတို့ တွေ့ဆုံမှုကို ဖော် ပြသည့် ရှားရှားပါးပါး ဗီဒီယိုဖြစ်သည်။ ရှောင် သွားရောက် တွေ့ဆုံခဲ့ချိန်က ဒလိုင်းလားမား လက်ရှိနေထိုင်ရာ အိန္ဒိယမှ သတင်းစာအချို့တွင် ထို သတင်းကို ကျယ်ကျယ်ပြန့်ပြန့်ဖော် ပြခဲ့သည်။
ရှောင်နှင့် ဒလိုင်းလားမားတွေ့ ဆုံစဉ်တွင် တရုတ်နိုင်ငံရှိ သံဃာအ တုများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိသည် ဟု ပြောကြားခဲ့သည်။ ‘ဒါကြောင့် ကျွန်တော်တို့မှာ ဗုဒ္ဓဘာသာခေါင်း ဆောင် တစ်ဦးလိုအပ်နေပြီး ရဟန်း မင်းက အလွန်အရေးကြီးတဲ့ အခန်း ကဏ္ဍက ပါဝင်နေတာလို့ ထင်ပါတယ်’ ဟု ရှောင်ကဆိုသည်။ ထိုတွေ့ဆုံမှု တွင် ဒလိုင်းလားမားကလည်း တ ရုတ်၏ တိဘက်အရေးချဉ်းကပ်ပုံကို ဝေဖန်ခဲ့သည်။ ဘုန်းတော်ကြီး ဒလိုင်း လားမားက ‘ရိုးရိုးသားသား ပြောရ မယ်ဆိုရင် တရုတ်အစိုးရဟာ တိဘတ် မူဝါဒနဲ့ပတ်သက်ရင် အရူး တစ် ယောက်လိုပဲ စဉ်းစားနေပါတယ်။ သူတို့က အမှန်အတိုင်း လက်မခံကြပါဘူး။ တင်းမာတဲ့မူဝါဒက တရုတ် အ တွက်ရော၊ တိဘက်အတွက်ပါကောင်း ကျိုးမရှိဘဲ နိုင်ငံတကာမှာ တရုတ်ရဲ့ ပုံရိပ်ကို အလွန်ပဲ ထိခိုက်စေပါတယ်’ ဟု ပြောကြားခဲ့သည်။
ရှောင်သည် တရုတ်အစိုးရတွင် မည်သည့်တာဝန်ကို ထမ်းဆောင်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်းမသိရဘဲ ‘အဆင့်မြင့် အရာရှိဟောင်းတစ်ဦး’ဟုသာ သုံးနှုန်းရန် ၎င်းက ဘီဘီစီအား ပြောကြားခဲ့သည်။ ဒလိုင်းလားမားနှင့် သွားရောက်တွေ့ဆုံခဲ့ခြင်းမှာ တရုတ် အစိုးရ၏ ကိုယ်စားလှယ်အဖြစ်မဟုတ် ကြောင်း ရှောင်က ရှင်းလင်းပြောဆိုခဲ့ သည်။ ရှောင်က APeCF ခေါ်အဖွဲ့ တစ်ခု၏ ဒုဥက္ကဋ္ဌအဖြစ် အိန္ဒိယနိုင်ငံ သို့ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်ဟုဆို သည်။ APeCF မှာ တရုတ်အစိုးရ ကျောထောက်နောက်ခံအဖွဲ့ဖြစ်ပြီး နီပေါနိုင်ငံ၌ ဒေါ်လာဘီလီယံချီ ရင်း နှီးမြှုပ်နှံထားသည့် ဗုဒ္ဓဘာသာဆိုင် ရာ အဆောက်အအုံများအပါအဝင် ထင်ရှားသည့်ဆောက်လုပ်ရေးစီမံ ကိန်းများ ဆောင်ရွက်ခဲ့သည့်အဖွဲ့ဖြစ် သည်။
တရုတ်ထိပ်တန်းအရာရှိဟောင်း တစ်ဦးက အိန္ဒိယရှိ ဒလိုင်းလားမားထံ သွားရောက်တွေ့ဆုံခြင်း၊ ၎င်း၏ ဓာတ်ပုံကို ဝတ်ပြုခြင်းများပြုလုပ်ပုံကို သတင်းများတွင် ပါရှိစေခြင်းမှာ ဘေဂျင်းမှ ဩဇာကြီးမားသူ အချို့၏ ထောက်ခံမှုမရှိဘဲ ပြုလုပ်နိုင်ဖွယ်မရှိပေ။ နယူးယောက်မြို့၊ ကိုလံဘီယာ တက္ကသိုလ်မှ တိဘက်အရေးကျွမ်း ကျင်သူ ရော့ဘီဘားနတ်က ရှောင်နှင့် ဒလိုင်းလားမားတို့ တွေ့ဆုံမှုကို အလွန်အကျွံ အဓိပ္ပာယ်ကောက်ယူခြင်း မပြုရန် သတိပေးခဲ့သော်လည်း ထိုတွေ့ဆုံမှုမှာ အမှတ်လက္ခဏာတစ်ရပ်ဖြစ်သည်ဟု ဆိုသည်။ ရှောင်က တွေ့ဆုံခဲ့သည့် ဗီဒီယိုကို ထုတ်ဖော်ပြသခြင်းကြောင့် တရုတ်ခေါင်းဆောင်အားလုံးက ထိုလုပ်ရပ်ကို ထောက် ခံသည်ဟု မဆိုနိုင်သော်လည်း အနည်းဆုံးအနေဖြင့် ဩဇာကြီးခေါင်းဆောင်အချို့က ထောက်ခံသည်ဟု မှတ်ယူနိုင်ကြောင်း ဘားနတ်ကဆိုသည်။ ၎င်းက ‘တစ်ခုခုဖြစ်လာပြီဆို တာ ကျွန်တော်တို့ကို မြင်စေချင်ပုံရ ပါတယ်။ ဆွေးနွေးပွဲတစ်ခု ဖြစ်လာနိုင်ပါတယ်’ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခုအ တွင်း ဒလိုင်းလားမား၏ ဓာတ်ပုံများ ပိတ်ပင်ခြင်းနှင့် တိဘက်ဒေသတွင် တရုတ်ထိန်းချုပ်မှု တိုးမြှင့်ခြင်းတို့က အခြေအနေကို ပိုမိုတင်းမာလာစေသည်ဟု သံသယဖြစ်ဖွယ်မရှိပေ။ ထို အချိန်ကာလအတွင်း နှစ်ဖက်တွေ့ ဆုံမှုများကို တရားဝင်နှင့် အလွတ်သဘောတွေ့ဆုံမှုပုံစံနှစ်မျိုးဖြင့် ပြုလုပ် ခဲ့သော်လည်း အခြေအနေပြောင်းလဲ မှု အနည်းငယ်သာရှိခဲ့သည်။ ရှောင်၊ ဒလိုင်းလားမားဓာတ်ပုံ နှင့် ဗုဒ္ဓဘာ သာဘုရားစင်တို့က တိဘက်ဒေသဆိုင် ရာ တရုတ်အစိုးရ၏ အကြောက်တရားများနှင့် ပတ်သက်၍ သေချာမှု မရှိသော်လည်း တရုတ်အထက်တန်းလွှာများကြား တိဘက်ဗုဒ္ဓဘာသာကို တက်တက်ကြွကြွလိုက်စားမှု တိုးလာ နေကြောင်းသက်သေခံလျက်ရှိသည်။
the Ladies New Journal
No comments:
Post a Comment