ကြေးနီ စီမံကိန်းမှ တရုတ် လုံခြုံရေး ၀န်ထမ်းများ |
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့တွင် မြန်မာယန်စီ ကုမ္ပဏီ အတွင်း သတ္တုသန့်စင် စက်ရုံဟောင်း တောင်ဘက်ကိုက် (၅၀၀) အကွာရှိ သတ္တု သန့်စင် စက်ရုံသစ်မှ ဒုတ္ထာမွှေကန် အတွင်းရှိ မယ်ဇယ် အရည်များ အပူချိန် မြင့်မား လာပြီး အချင်းချင်း ဓာတ်ပြုကာ မီးခိုးများ အူထွက်၍ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်းကို သိရသည်။
တရားရုံးမှာ ဇန်န၀ါရီလ (၂၇) ရက်နေ့က စွဲချက် တင်ပို့ လိုက်ပြီ။ တရုတ် နိုင်ငံသား နှစ်ဦးက ဗီဇာကုန်လို့ ဆိုပြီး ပြန်သွား ကြတယ်။ သက်ဆိုင်ရာကို ဘာမှ အကြောင်းကြား ထားခြင်းလည်း မရှိခဲ့ဘူးလေ။ မြန်မာ နိုင်ငံရဲ့ တည်ဆဲ ဥပဒေကို လေးစား လိုက်နာမှု မရှိဘူး။ ဒါကြောင့် ဖမ်းဝရမ်း ထုတ်ထား တာပါ။ နောက်ပြီး အင်တာပိုနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက် သွားမယ် ဟု ကြေးစင်တောင် ရဲစခန်းမှ စခန်းမှူး ကိုကျော်မင်းနိုင်က The Messenger Media သို့ ပြောသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကြေးစင်တောင် ရဲစခန်း အနေဖြင့် မြန်မာယန်စီ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးနှင့် တရုတ် နိုင်ငံသား နှစ်ဦးအား အမှု ဖွင့်လှစ်ကာ ဥပဒေ အကြံတောင်း တင်ထားခဲ့ရာမှ ပြန်ကျ လာချိန်တွင် အဆိုပါ တရုတ် နိုင်ငံသား Mr. Yaung weidong နှင့် Mr.GongJie တို့နှစ်ဦးမှာ ဗီဇာသက်တမ်း ကုန်ဆုံးသွားသည်ကို အကြောင်းပြကာ သက်ဆိုင်ရာသို့ အကြောင်းကြားခြင်း မရှိဘဲ ပြန်လည် ထွက်ခွာ ခဲ့ကြောင်း အဆိုပါ မြို့မရဲစခန်းမှ သိရသည်။ ယင်းသို့ မြန်မာယန်စီ ကုမ္ပဏီ၏ သတ္တုသန့်စင် စက်ရုံသစ် အတွင်း မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲစခန်း မှ (ပ) ၁၂၂/၂၀၁၄၊ ပုဒ်မ ၂၈၅ ဖြင့် မြန်မာ ၀န်ထမ်း တစ်ဦးနှင့် တရုတ် နိုင်ငံသား ၀န်ထမ်း နှစ်ဦးတို့အား အမှုဖွင့်ထား ခဲ့ကြောင်း အဆိုပါ ရဲစခန်းမှ သိရသည်။
လင်းလင်းမောင်
Messenger News Journal
http://www.messengernewsjournal.com/news/Local/detail.php?id=31268
No comments:
Post a Comment