Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 3, 2015

''ပန်းရိုးမ''ခရီးသည်တင်ယာဉ် လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိ၍ (၄)ဦးသေ၊ (၁၁)ဦးဒဏ်ရာရ



နေပြည်တော်၊ ဖေဖော်ဝါရီ ၃

၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၃ နာရီ ၄ဝ မိနစ်အချိန် ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်၊ မအူပင်- တွံတေး ကားလမ်း၊ မိုင်တိုင်အမှတ် (၆/၅-၆)ကြား၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ မအူပင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ မအူပင်ဘက်မှ တွံတေးဘက်သို့ မအူပင်မြို့၊ (၈)ရပ်ကွက်နေ သန်းစိုး(၃၆)နှစ်မောင်းနှင် လာသော AYY 8I/xxxx ''ပန်းရိုးမ''ခရီးသည်တင် စူပါကာစတန်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာ ဘက်ဘေးရှိ ကုက္ကိုလ်ပင်အား ဝင်ရောက်တိုက်မိ ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါ လာသူများ အနက် ဒေးဒရဲမြို့နယ်နေ ဇော်မင်းထွဋ်(၂၂)နှစ်ပါ ကျား ၃ ဦး၊ မ ၁ ဦး၊ စုစုပေါင်း(၄)ဦးတို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံး သွားခဲ့ပြီး ယာဉ်မောင်း သန်းစိုး ပါ ကျား ၈ ဦး၊ မ ၃ ဦး၊ စုစုပေါင်း(၁၁)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် မအူပင်ခရိုင်အထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ကာ သန်းစိုးအား မအူပင်မြို့မရဲစခန်း ယာဉ်(ပ)၁ဝ/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment