Friday, February 6, 2015
ဆူးလေစေတီ အနောက်ဘက်မုခ် ခုံးတံတား လက်ရမ်းပေါ်တက်ပြီး ဟန်းစပီကာနဲ့ တရားစီရင်ရေးအပေါ် မကျေနပ်ဘူးဆိုပြီး တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တဲ့ အမျိုးသမီးတစ်ဦးကို ကို ဖမ်းဆီး အရေးယူခဲ့တယ်လို့ ကျောက်တံတား မြို့မ ရဲစခန်းဆီကနေ သိရပါတယ်။
အသက် ၄၆ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသမီးဟာ ဒီနေ့ နံနက် ၉ နာရီ ၂၀ မိနစ်က အခုလို ဆန္ဒပြခဲ့တာပါ။
“လက်တစ်ဖက်က မီးတိုင်ကိုင်ပြီး တစ်ဖက်က သူ့ဘာသာ အသံသွင်းထားတဲ့ ဟန်း စပီကာနဲ့ တရားစီရင်ရေးက လာဘ်ပေးလာဘ်ယူမှုတွေကို သမ္မတကြီး သိပါစေ။ မင်းမဲ့တိုင်းပြည် မဟုတ်ပါဘူးဆိုပြီး ဆန္ဒထုတ်ဖော်နေတာ” လို့ ကျောက်တံတားမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။
တံတားပေါ်ကနေ ပြုတ်ကျမှာစိုးလို့ သက်ဆိုင်ရာက မီးသတ်ကားနဲ့ ကယ်ဆယ်ရေးတွေပါ ဆောင်ရွက်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဆန္ဒ ထုတ်ဖော်သူဟာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၅၃)ရပ်ကွက်၊ စံပယ်မြိုင်လမ်းတွင် နေထိုင်သူ ဒေါ်ခင်ခင်သစ် ဖြစ်ပါတယ်။
သူရဲ့ မိသားစုဝင်တစ်ဦးမှာ ဘာသာရေးပဋိပက္ခ ဖြစ်ပွားအောင် လှုံ့ဆော်သူအဖြစ် စွပ်စွဲခံရပြီး တရားရင်ဆိုင်နေရ တာကြောင့် တရားစီရင်မှုအပေါ် မကျေမနပ်ဖြစ်ကာ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်တယ်ဆိုပြီး ရဲတပ်ဖွဲ့က စစ်ဆေး မေးမြန်းမှုကို အဲဒီအမျိုး သမီးက ဖြေကြားတယ်လို့ ကျောက်တံတားမြို့နယ်၊ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရပါတယ်။
The Voice Weekly
No comments:
Post a Comment