Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 15, 2015

မော်တော်ယာဉ်အစီးရေ ၃၀ ခန့် ယာဉ်တိုက်မှုဖြစ်ပွား ခဲ့ရာ လူ ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိ


ဗြိတိန်နိုင်ငံ၌ ယမန်နေ့တွင် မြူများ ထူထပ်စွာ ကျဆင်း မှုကြောင့် မော်တော်ယာဉ် အစီးရေ ၃ဝ ခန့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ သုံးဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း အာဏာပိုင် များက ထုတ်ပြန် ခဲ့သည်။

အဆိုပါ မတော်တဆ မှုသည် လန်ဒန်နှင့် ဘာမင်ဂမ်မြို့ တို့ကို ဆက်သွယ် ပေးထားသည့် M 40 လမ်းမကြီး အပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရရှိ သူများမှာ စိုးရိမ်ရသည့် အခြေအနေ တွင် ရှိနေသည်။

ထို့ပြင် အခြား ဒဏ်ရာရ ရှိသူများ ရှိနိုင်သေးကြောင်း Thames Valley ရဲတပ်ဖွဲ့မှ အရာရှိ ဟင်နရီပါဆင် က ပြောကြား ခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားချိန်တွင် ပတ်ဝန်းကျင်၌ မြူများ ထူထပ်စွာ ကျဆင်း နေခဲ့ကြောင်း နှင့် ယင်းမတော်တဆ ဖြစ်ပွားမှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ က အသေးစိတ် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြ ခဲ့သည်ဟု သိရသည်။

#PyiChitThar

No comments:

Post a Comment