CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ပင်မသပိတ်စစ်ကြောင်း ၁၀ရက်နားမည်
Wednesday, February 18, 2015
ရန်ကုန်- ပင်မကျောင်းသားသပိတ်စစ်ကြောင်းသည် အမျိုးသားပညာရေးဥပဒေပြင်ဆင်အတည်ပြုပေးရန် သပိတ်စစ်ကြောင်း ၁၀ရက်နား၍ စောင့်ကြည့်သွားမည်ဟု ပင်မသပိတ်ကျောင်းသားခေါင်းဆောင်များကပြောသည်။
သပိတ်မှောက်ကျောင်းသားများသည် သပိတ်စစ်ကြောင်းရပ်နားထားသည့် ၁၀ရက်အတွင်း အမျိုးသားပညာရေးဥပဒေပြင်ဆင်အတည်ပြုပေးရန်တောင်းဆိုလိုက်ပြီး ထို ၁၀ရက်အတွင်း အတည်ပြုမပေးပါက ယခင်အစီအစဉ်အတိုင်း ချီတက်သပိတ်မှောက်သွားမည်ဟု ပင်မသပိတ်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသီဟ၀င်းတင်ကပြောသည်။
ပင်မသပိတ်စစ်ကြောင်းသည် လက်ရှိရောက်ရှိတည်းခိုနေသည့် လက်ပံတန်းမြို့နယ်၊ အောင်မြေဗိမာန်ကျောင်းတိုက်တွင် ၁၀ရက်နား၍ စောင့်ကြည့်သွားမည်ဖြစ်သည်။
ပင်မသပိတ်ကျောင်းသားများရောက်ရှိနေသည့် လက်ပံတန်းမြို့သို့ NNERမှ ဒေါက်တာသိန်းလွင်အပါအ၀င်ကိုယ်စားလှယ်များရောက်ရှိလာပြီး ပင်မသပိတ်ကျောင်းသားများအား ယနေ့ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မှားယွင်းမှု မရှိစေရန် လာရောက်ပြောဆိုခဲ့သည်။
ပင်မသပိတ်စစ်ကြောင်းတွင် ရန်ကုန်မြို့သို့ လမ်းလျှောက်ဆန္ဒပြမှုကို ရပ်တန့်ချင်သည့်ကျောင်းသားများရှိသကဲ့သို့ ဆက်လက်ချီတက်လိုသည့်ကျောင်းသားများလည်းရှိနေသည်။
7Day News Journal
ပင်မသပိတ်စစ်ကြောင်း ၁၀ရက်နားမည်
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
February 18, 2015
Rating:
5
No comments:
Post a Comment