နက်ဗြူလာတစ်ခုဟာ အဘယ်ကြောင့် လေးထောင့်ပုံစံဖြစ်ရပါသလဲ..။
MWC 922 နက်ဗြူလာကတော့ အခြား ဘယ်သူနဲ့မှမတူ လေးထောင့်ကျလို့ နေပါတယ်။ သူဟာ ပူပြင်းလွန်းတဲ့ ကြယ်စနစ်တစ်ခုကနေ ဖြစ်လာတတာပါ။ နက်ဗြူလာရဲ့ အလယ်မှာ ကြယ်တစ်လုံး (သို့) တစ်လုံးထက်ပိုပြီး ရှိနေနိုင်ပါတယ်။ ထိုကြယ်(များ) ပေါက်ကွဲ ပျက်စီးရာမှ အလင်းရောင်တွေ ဖြာထွက်လာကြတာပါ..။ ဒါကို ကျနော်တို့ ကမ္ဘာက လှမ်းကြည့်တဲ့အခါမှာ အခုလို လေးထောင့်ပုံစံမျိုး မြင်ရတာ ဖြစ်ပါတယ်။
အာကာသ သုတေသန ပညာရှင်များကတော့ အခုလို လေးထောင့်ပုံစံကို အခြားရှုထောင့်တစ်ဖက်ကကြည့်လျှင်လည်း မြင်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
သန့်ဦး (အာကာသနှင့် စကြဝဠာ)
No comments:
Post a Comment