Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 9, 2015

ဒို.သာ နိုင်ငံတော် သမ္မတ ကြီး ဆို၇င် ........(ဆရာမကြီး ဒေါ်နုနုဝင်းတင်)


ဧရာဝတီ သပိတ်စစ်ကြောင်းက ကလေးတစ်ယောက်ရဲ. စကားက ဒို.ကို မျက်ရည်ကျစေပါတယ် ။
ဒါနဲ.တစ်ဆက်တည်း ဒီမိုကရေစီ အစိုးရ ဆိုဒါ ဘယ်လို လုပ်ပေးတတ်သလဲ ဆိုဒါ ဥပမာ လေးတစ်ခု ပြောချင်ပါတယ် ။(ဆရာမကြီးNu Nu Win Tin)

ဒို ဘီအီးဒီ အောင်ပြီးပြီးချင်း စတင် အလုပ်လုပ် ခဲ့တဲ့ ကျောင်းက အထက(၁) ဗဟန်း
ရန်ကုန် ပါ ။
အဲဒီကျောင်းဟာ ဟယ်ရီတန် ကျောင်းလို. လည်း လူသိများပါတယ် ။
အဲဒီအကြောင်း နည်းနည်း ပြောပြချင်ပါတယ် ။

ဒီမို ကရေစီ စစ်စစ် ခေတ်တစ်ခေတ် က ၀န်ကြီးချုပ် ဦးနု လက်ထက်မှာပါ ။
ခုနှစ်ကို တော့ မမှတ်မိ တော့ပါ ။ ဒို.တောင်မှ မွေးပြီး၇င်တောင် တော်တော် ငယ် ဦးမယ်
ထင်ပါတယ် ။
အဲဒီအချိန်က ၇ တန်းဟာ အစိုးရစစ်ပါ ။ ဒီတော့ ရန်ကုန် မြို.တွင်းမှာလည်း ကျောင်းတွေဟာ အသီးသီး ကျောင်းချင်းလဲ ပြီး ကျရာ စာမေးပွဲ စင်တာ
ကျောင်းတွေမှာ ဖြေကြရပါတယ် ။
စာမေးပွဲ ဖြေနေကြဆဲ တစ်ရက်မှာ ဗမာ့ခေတ် သတင်းစာက မေးခွန်း တစ်ခု ရသွားပါတယ် ။ အဲဒီမနက် ဗမာ့ခေတ် သတင်းစာ ထဲမှာ ဒီနေ. ဒီမေးခွန်းတွေ
မေးပါမယ် ဆိုပြီး ပါလာတယ် ။

တကယ် စာမေးပွဲ လည်း ၉ နာရီမှာ စစ်ရော အဲဒီမေးခွန်းတွေက တစ်လုံးမကျန် မှန်နေပါရော ။ ကွက်တိ ဘဲပေါ့ ။ သတင်းစာထဲတောင်မှ ပါတယ် ဆိုတော့ မေးခွန်း ပေါက်ပြီပေါ့ ။ ဒီတော့ စာမေးပွဲ ကို ရပ်ဆိုင်းမှာတို. နောက်မှ ပြန်ဖြေ ရမှာတို. ဖြစ်ပြီး ပြသနာ တွေတက်ကြတော့ ကျောင်းသားတွေက တစ်ပြည်လုံး စိတ်ဆိုးပြီး သပိတ်တွေ မှောက်ကြပါတယ် ။
ရန်ကုန်က ကျောင်းသားတွေက ဗမာ့ခေတ် သတင်းစာတိုက်ကို ၀ိုင်းပြီး သပိတ်မှောက်
ဆူပူ ကြပါတယ် ။
(ခုခေတ် ကျောင်းသားတွေဆိုရင်တော့ သတင်းစာ တိုက်ကို ဆုများ ချမလားနော် ။ )

အဲဒီလို ကျောင်းသား အဓိကရုန်း ဖြစ်တော့ ရဲတွေက နံပါတ်ဒုတ်တွေနဲ. ရိုက်ပြီး လူစု ခွဲ လို. .. စိန်.ပေါလ် ကျောင်းက ( ယခု ဗိုလ်တစ်ထောင် အထက (၆) ပါ ) ကျောင်းသားလေး
ဟယ်ရီတန် ဆိုဒါ ကွယ်လွန်ပါတယ် ။
သူက အထက(၁) ဗဟန်း (အဲဒီတုန်းက ဗဟန်းစတိတ် )မှာ စာမေးပွဲာဖြေနေဒါပါ ။
ဗမာ့ခေတ် သတင်းစာ တိုက်က အထက(၁) ဗဟန်းနဲ. ကပ်လျက် က ( ခု ပြန်ကြားရေး ထင်ဒါဘဲ ) အဲဒီ ခြံဝင်းထဲမှာပါ ။
ဟယ်ရီတန်လည်း ကွယ်လွန်ရော နိုင်ငံတော်မှာ
အဲဒီမှာ ကျောင်းသား သပိတ်ကြီး အကြီး အကျယ် ဖြစ်ပါတယ် ။

အဲဒီသပိတ်ကို ပြေအောင် နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု ဘာလုပ်တယ် ထင်ပါသလဲ ။
ချက်ချင်းဘဲ ရေဒီယို ကနေ .. ကျောင်းသား ကျောင်းသူ .. မောင်တို. မယ်တို. ခင်ဗျား ..
မောင်တို. မယ်တို. ဖြေဆိုထားတဲ့ ၇ တန်း စာမေးပွဲ ကို ဖြေဆိုသူ အားလုံး ကို အအောင်ပေးလိုက်ပါတယ် ခင်ဗျား ... ဆိုပြီး လည်း ကြေညာလိုက်ရော
ကလေးတွေလည်း ကျေနပ်ပြီး သပိတ် လှန်လိုက်ပြီး အေးချမ်း သွားရော ပါ ။

အဲဒီလို နိုင်ငံကို ထိန်းတတ်ရတယ် ။

ခုလည်း နိုင်ငံတော် တီဗီ ကနေသာ သမ္မတ ကြီး ကိုယ်တိုင် ကြေညာပြီး
သားတို. သမီးတို. တောင်းနေတဲ့ ၁၁ ချက်လုံး ကို ပေးလိုက်ပါပြီ ကွယ် ။ သဘောတူလိုက်ပါပြီ ကွယ် လို. ကြေညာ လိုက်ပါလား ။ (သမ္မတ ကြီးက ချွဲချွဲလေး ပြောတတ်ပါတယ် ။ လေအေးလေး နဲ.လေ ။)
ဒါကြောင့် သားတို. သမီး တို. သပိတ်ဆက်မှောက်မနေကြပါနဲ.တော့ ။ ဆက်လက်ချီတက် မနေကြပါနဲ.တော့ ။ မိဘရပ်ဌာန် ပြန်ကြပါတော့ လို.များ ဆိုလိုက်၇င်

နိုင်ငံတော် တ၀ှန်းလုံး စိတ်ပူနေကြရတဲ့ မိဘပြည်သူ တွေရော ဆရာ ဆရာမတွေရော
ခုံလှုပ်နေတဲ့ အစိုးရအဖွဲ.ရော
ပင်ပန်းဆင်းရဲခံနေတဲ့ ကလေးတွေရော ဘယ်လောက်များ ပျော်ရွှင် ချမ်းမြေ.ပြီး
နိုင်ငံတော် တ၀ှန်းလုံး ဘယ်လောက်များ အေးချမ်း သာယာ ပျော်ရွှင် သွားမှာပါလဲ လို.
တွေးမိပါတယ် ။

ဒို.သာ နိုင်ငံတော် သမ္မတ ကြီး ဆို၇င် တော့ အဲဒီလို လုပ်မှာပါဘဲ ။
ဒါပေမဲ့ ဒို.ကလည်း သမ္မတကြီး မဟုတ်ဘဲ
ပညာရေးပညာရှင်ဘဲ ဖြစ်နေတော့ ဖြစ်သင့်ဒါ ကိုတော့ ခုလို အကြံဥာဏ် ပေးကြည်.ဒါပါ ။
စဉ်းစားချင့်ချိန် ပြီး ရယူ သုံးစွဲနိုင်ပါစေ ။

ပညာရေး ပညာရှင် တစ်ယောက်ရဲ. ရှုထောင့်ကနေပြောရရင် ကလေးတွေ တောင်းဆိုနေတဲ့ ၁၁ ချက်ဟာ ပေးသင့် ပေးထိုက်သော အချက်များ ဖြစ်ပါတယ် လို. ထပ်မံ ထောက်ခံ တင်ပြပါရစေ ။ မည်သူ.ကိုမျှ အန္တရာယ် မဖြစ်စေဘဲ
ဗဟိုရ်ချုပ်ကိုင်မှုတွေ လျှော့ချ လို.
ကမ္ဘာပေါ်ရှိ ဒိမိုကရေစီ နိုင်ငံ တွေမှာ ကျင့်သုံး နေသော ထုံးတမ်းစဉ်လာများ ဖြစ်ကြောင်းပါ ။

အားလုံး ဘေးကင်း အေးချမ်းကြပါစေ ။
ကလေးတို.တတွေလည်း ဘေးကင်းအောင်မြင်ကြပါစေ ။
(Nu Nu Win Tin)
.
Credit : ဆရာမကြီး Nu Nu Win Tin

No comments:

Post a Comment