CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
“ ဒေါ်လာ ( ၇၅ ) သန်း လှူပြီးနောက် မာ့ခ်ဇတ်ကာဘတ်ဆေးရုံ အမည်နာမ ချီးမြှင့် ”
မာ့ခ်ဇတ်ကာဘတ် နဲ့ ဇနီးသည် ပရစီးလာချမ်း တို့ ( ၂ ) ဦးဟာ ဆန်ဖရန်စစ္စကို အထွေထွေဆေးရုံဖောင်ဒေးရှင်းကို ဒေါ်လာ ( ၇၅ ) သန်း လှူဒါန်းမှုပြုခဲ့တယ်လို့ The San Francisco Chronicle သတင်းစာက သတင်းပေးပါတယ်။( ၁၉၉၄ ) ခုနှစ် ဆေးရုံတည်ထောင်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ရရှိခဲ့တဲ့ အကြီးမားဆုံး အလှူဒါနလက်ဆောင်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆေးရုံမည်ကို ပရစီးလာနှင့်မာ့ခ်ဇတ်ကာဘတ်အထွေထွေရောဂါကုဆေးရုံနှင့်အနာရောဂါရှာဖွေရေးစင်တာ - Priscilla and Mark Zuckerberg San Francisco General Hospital and Trauma Center အမည်နဲ့ နာမည်ပေးချီးမြှင့်သွားမယ်လို့ သိရပါတယ်။
သူတို့လှူတဲ့ငွေတွေကို နည်းပညာ နဲ့ အဆင့်မြင့်ဆေးကရိယာတွေ ဝယ်ယူဖို့ သုံးစွဲသွားမှာဖြစ်ပြီး ( ၂ဝ၁၅ ) ခုနှစ်အကုန်မှာ ဖွင့်လှစ်နိုင်မယ်လို့ သတ်မှတ်လျာထားပါတယ်။ အဆိုပါ ဆေးရုံသစ်ကို ငလျင်ဒဏ်ခံနိုင်ရည်သတ်မှတ်ချက်စံနှုန်းမမှီတဲ့ ဆေးရုံဟောင်းဘေးမှာ တည်ဆောက်နေတာပါ။
“ ချမ်း ” ဟာ ကယ်လီဖိုးနီးယား ဆန်ဖရန်စ္စကို တက္ကသိုလ် - UCSF မှာ ကလေးအထူးကုလေ့လာသူအဖြစ်သာမကဆန်ဖရန်စစ္စကိုဆေးရုံက ဆရာဝန်ကြီးများနဲ့လည်း အတူလက်တွဲ ဆေးကုသနေသူပါ။ အဆိုပါဆေးရုံဟာ ဆန်ဖရန်စစ္စကိုမြို့ပေါ်မှာ တစ်ခုတည်းသော အနာရောဂါကုဆေးရုံ ဖြစ်ပါတယ်။
“ နေ့စဉ်နဲ့အမျှ လှုပ်ရှားမှုတွေမှာ ကျွန်မလုပ်ဖော်ကိုင်ဖက်တွေရဲ့ မမောနိုင် မပန်းနိုင် လူနာရှင်တွေကို အကောင်းဆုံး စောင့်ရှောက်မှုပေးနေတဲ့ သူတို့ရဲ့ ကရုဏာ နဲ့ တာဝန်အပေါ်အာရုံစူးစိုက်မှုတွေကို အံ့မခန်း တွေ့မြင်ရပါတယ် ”
“ အခုလို အထင်ကရ ပုဂ္ဂိလိကဆေးရုံကြီးတစ်ရုံကို ထောက်ပံ့ခွင့်ရတဲ့အတွက် မာ့ခ် နဲ့ ကျွန်မတို့ဟာ အင်မတန် ဂုဏ်ယူရပါတယ်ရှင် ..” လို့ ချမ်း က ပြောကြားသွားပါတယ်။
Ref: Business Insider
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
“ ဒေါ်လာ ( ၇၅ ) သန်း လှူပြီးနောက် မာ့ခ်ဇတ်ကာဘတ်ဆေးရုံ အမည်နာမ ချီးမြှင့် ”
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
February 08, 2015
Rating:
5
No comments:
Post a Comment