ဓာတ်ပုံ (Free Burma Ranger) |
ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းမှာ မန္တလေးဘက်ကနေ တက်လာတဲ့ အစိုးရ စစ်ယာဉ်တန်းဟာ ကျောက်မဲနဲ့ သီပေါမြို့အကြားမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ခြုံခို ပစ်ခတ်တာကို ခံခဲ့ရတယ်လို့ ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
“ပြည်မဘက်ကနေအခုတိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ လောက်ကိုင်ဘက်ကို စစ်ကူသွားမယ့် ယာဉ်တန်းတွေ လို့သိရပါတယ်။ ယာဉ်တန်းမှာ ကား ၆ စီးပါတယ်။ လမ်းဘေးကနေ ခြုံခိုတိုက်ခံရတာ တပ်မတော်သားတစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူ သွားတယ်လို့ သိရပါတယ်။ အပျက်အစီး စာရင်းတွေလည်း မသိရပါ ဘူး”လို့ တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။
ဒီဒေသတ၀ိုက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၃- ၄ ဖွဲ့ လောက်လှုပ်ရှားနေပြီး တိုက်ခိုက်သူတွေကို တပ်မတော်စစ်ကြောင်းက လိုက်လံ နယ်မြေရှင်းလင်းရင်း အပြန် အလှန်ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ လည်းပြောပါတယ်။
ခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေရာမှာ ဖေဖော်ဝါရီ ၁၅ ရက်မှာ လားရှိုးခရိုင် သိန္နီမြို့နယ် ဆလပ် နဲ့ နားတီးရွာကြားမှာ တအာင်းတပ်ဖွဲ့နဲ့ အစိုးရတပ်ကြားတိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဘက်က ၆ ဦးကျကာ စစ်ကား ၁ စီး နဲ့ ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
တအာင်းတပ်ဘက်က ထိခိုက်သေဆုံးဒဏ်ရာရမှုတွေကိုတော့ ထုတ်ပြန်ပြောဆိုထားခြင်း မရှိပါဘူး။
By နန်းမြနဒီ (ဒီဗွီဘီ)
http://burmese.dvb.no/archives/81837
No comments:
Post a Comment