Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 2, 2015

ဂျပန်နိုင်ငံမှာ ကလေးခါးတောင်း ကျိုက်ပိတ်စကို အရွယ်ရောက်ပြီး အမျိုးသမီးတွေလည်း အသုံးပြုနေ

ကလေးခါးတောင်းကျိုက် ပိတ်စ (Diapers) ကို လူကြီးတွေပါ အသုံးပြုနေလို့ အံ့အားသင့် စရာလို့ ဆိုရတော့မှာ ဖြစ်ပါ တယ်။ ဂျပန်နိုင်ငံမှာ ရှိတဲ့ အမျိုးသမီးတွေဟာ ကလေးငယ်တွေ အသုံးပြုနေတဲ့ Diapersတွေကို အသုံးပြု နေတယ်လို့ မဂ္ဂဇင်း တစ်စောင်မှာ ရေးသား ဖော်ပြခဲ့ ပါတယ်။ ဂျပန် မီဒီယာတွေရဲ့ ဖော်ပြချက် အရ Diapers အသုံးပြုတဲ့ အမျိုးသမီး အရေအတွက်ဟာ တဖြည်းဖြည်း များပြား လာတယ်လို့ သိရ ပါတယ်။ အမျိုးသမီး သီးသန့် ပစ္စည်းတွေကို ရောင်းချတဲ့ ဆိုင်တွေ မှာလည်း Diapers တွေကို တင်ပြီး ရောင်းချ လာတာမျိုး တွေ့မြင်နေရ ပါတယ်။ Diapersတွေဟာ ကလေးငယ်တွေ အတွက်သာ ထုတ်လုပ် ထားခြင်း ဖြစ်ပါတယ်။ ကလေးငယ်တွေဟာ ဆီးသွားတဲ့ အခါမှာပဲ ဖြစ်ဖြစ်၊ ၀မ်းသွားတဲ့ အခါမှာပဲ ဖြစ်ဖြစ် သူတို့ရဲ့ ခံစားမှုကို ပြသနိုင်ခြင်း အမူအရာ လုပ်နိုင်စွမ်း မရှိသေးလို့ Diapersတွေကို တပ်ဆင်ပေး ထားတာ ဖြစ်ပါတယ်။ Diapers တွေကို အသုံးပြု ခြင်းကြောင့် ကလေးငယ်တွေရဲ့ အညစ်အကြေး တွေကို သန့်ရှင်းစွာ ဖယ်ရှား နိုင်စွမ်းရှိ ပါတယ်။ ဂျပန် အမျိုးသမီး တွေဟာ အလုပ်အလွန်များတဲ့ အချိန်မှာ အိမ်သာကို သွားရောက်လိုခြင်း မရှိတာမို့ Diapers တွေကို ၀တ်ဆင် ထားခြင်း ဖြစ်ပါတယ်။

အိမ်ခြံမြေ ရောင်းဝယ်ရေးမှာ ၀င်ရောက် လုပ်ကိုင်နေတဲ့ အသက် (၂၅) နှစ်အရွယ်ရှိ ဂျပန် အမျိုးသမီး တစ်ဦးဖြစ်တဲ့ အဒါချီကို မေးမြန်းမှုတွေ ပြုလုပ်ခဲ့ရာ သူက နေ့စဉ် အလုပ်ဆင်းတဲ့ အခါတိုင်း Diapersကို ၀တ်ဆင်ခဲ့ကြောင်း ပွင့်ပွင့် လင်းလင်း ၀န်ခံခဲ့ ပေမယ့် ရည်စား ဖြစ်သူနဲ့ လျှောက်သွားတဲ့ အချိန်မှာတော့ ၀တ်ဆင်လေ့ မရှိကြောင်း ပြောကြားသွားခဲ့ ပါ တယ်။ Diapers ၀တ်ဆင် ထားခြင်းကြောင့် ရေအိမ်ကို သွားစရာ မလိုတော့ပါဘူး။ အလုပ် အလွန်များတဲ့ ဂျပန် အမျိုးသမီးတွေ အတွက် အလွန်အသုံးဝင်တဲ့ ပစ္စည်း တစ်ခု ဖြစ်နေပါ တယ်။ မဂ္ဂဇင်း တစ်စောင်မှာ အမျိုးသမီးသုံး ပစ္စည်းတွေနဲ့ အတူ တွဲလျက် ရောင်းချနေတဲ့ ဓာတ်ပုံ ဖော်ပြခဲ့တာမို့ ဂျပန် အမျိုးသမီးတွေ ဟာ Diapersတွေကို သုံးစွဲမှုနှုန်း တဖြည်းဖြည်း များပြားနေတယ် ဆိုတာ သက်သေပြသလို ဖြစ်ခဲ့ ပါတယ်။
http://www.messengernewsjournal.com/General/Eventure/detail.php?id=31054

No comments:

Post a Comment