Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 15, 2015

လိမ်လည်၍ ချစ်သူရှာဖွေပေးသည့် ဝက်ဘ်ဆိုက်များကို အင်တာနက် ထိန်းသိမ်းသူများ စောင့်ကြည့်မည်


တရုတ်နိုင်ငံ တစ်ဝန်းတွင် အွန်လိုင်းမှ တစ်ဆင့် လိမ်လည်၍ ချစ်သူ ရှာပေးနေသည့် ဝက်ဘ်ဆိုက် များနှင့် အခြား အောင်သွယ်ရေး ဝက်ဘ်ဆိုက် များကို အင်တာနက် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့က လေ့လာ
စောင့်ကြည့်မှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက ထုတ်ပြန် ခဲ့သည်။

ချစ်သူများကို လိမ်လည်၍ အောင်သွယ်ပေး နေသည့် ဝက်ဘ်ဆိုက် များသည် အထူးသဖြင့် လူငယ်များ အပါအဝင် အင်တာနက် သုံးစွဲသူ တစ်သန်းခန့်ကို စိတ် အနှောင့်အယှက် ဖြစ်ပေါ် စေခဲ့ကြောင်း ဆိုက်ဘာ လုံခြုံရေး စီမံခန့်ခွဲမှု ဆိုင်ရာဌာနမှ အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ဝက်ဘ်ဆိုက် ပေါ်တွင် လိမ်လည်၍ အောင်သွယ်မှု ပြုလုပ်ပေး နေသည့် ဝက်ဘ်ဆိုက် များတွင် လိမ်လည်မှု လုပ်ဆောင် နေသည့် ဂိုဏ်းအဖွဲ့များ၊ ပြည့်တန်ဆာ ဂိုဏ်းများ၊ ချစ်သူများ အတွက် လိမ်လည်၍ အောင်သွယ်မှု ပြုလုပ်ပေး နေသည့် အဖွဲ့အစည်းများ ပါဝင်ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။

#PyiChitThar

No comments:

Post a Comment