Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 15, 2015

သင်္ဘောနှစ်စီး တိုက်မိပြီး လူ တစ်ရာခန့် ပျောက်ဆုံးလျက်ရှိ


WHO: Up to 100 feared missing after boats collide on Congo River

ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ အတွင်းရှိ မြစ်တစ်ခု အတွင်း သင်္ဘောနှစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့ရာ လူဦးရေ ၁ဝဝ ခန့် ပျောက်ဆုံးလျက် ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) က ယမန်နေ့တွင် ထုတ်ပြန် ခဲ့သည်။

အဆိုပါ သင်္ဘော တိုက်မိမှုသည် ဖေဖော်ဝါရီ ၁၂ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း သက်ဆိုင်ရာ အာဏာပိုင် များက ယမန်နေ့မှသာ သတင်းထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။ ယင်း မတော်တဆမှု သည် ခရီးသည် များကို အဆမတန် တင်ဆောင် လာသည့် သင်္ဘော တစ်စီးက အီနွန်ဂိုမြို့ သို့ မောင်းနှင် လာစဉ် ခရီးသည် ဦးရေ ၁၅ဝ ကို တင်ဆောင် လာသည့် အခြား သင်္ဘောတစ်စီး နှင့် ဝင်တိုက် မိခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း နောက်ပိုင်းတွင် မိမိတို့ အနေဖြင့် ပျောက်ဆုံးနေသည့် ခရီးသည် ဦးရေ ၁ဝဝ ခန့်ကို လိုက်လံ ရှာဖွေလျက် ရှိကြောင်း WHO မှ တာဝန်ရှိသူ အူဂျင်းကာဘမ်ဘီ က ပြောကြားခဲ့သည်။

အဆိုပါ သင်္ဘော တိုက်မိမှုကြောင့် သင်္ဘောတစ်စီးမှာ လုံးဝ ပျက်စီး သွားခဲ့ကြောင်း နှင့် ယခုအခါ ကယ်ဆယ်ရေး အဖွဲ့က ပျောက်ဆုံးနေ သူများကို ဆက်လက် ရှာဖွေလျက် ရှိကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

ယင်း မတော်တဆမှု သည် ကွန်ဂိုမြစ် အတွင်း ရေစီးသန် မှုကြောင့် ဖြစ်ပွားခဲ့ ရဖွယ်ရှိကြောင်း အာဏာပိုင် များက ပြောကြားခဲ့ပြီး စုံစမ်း စစ်ဆေးမှု များကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment