CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, February 14, 2015
ရန်ကုန်သည် ရေနက်တဲ့နေရာမှာဖြစ်တယ် (ဦးသန့်ရှင်း)
ရန်ကုန်ကို ဦးတည်ချီတက်လာနေတဲ့ ကျောင်းသားသပိတ်တွေနဲ့ ပတ်သက်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်ရှင်းက ဖေဖော်ဝါရီ ၁၄ရက် ရန်ကုန်တိုင်းလွှတ်တော်မှာ ပြုလုပ်တဲ့ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင်တွေ့ဆုံပွဲအပြီး မီဒီယာတွေကို အခုလို ဖြေကြားသွားခဲ့ပါတယ်။
"ရန်ကုန်ကိစ္စနဲ့ပတ်သက်လို့ကတော့ ရန်ကုန်သည် ရေနက်တဲ့နေရာမှာဖြစ်တယ်။ ရေနက်တဲ့နေရာမှာ ဖြစ်တဲ့အတွက် ကူးတတ်သည်ဖြစ်စေ မကူးတတ်သည်ဖြစ်စေ အခြေအနေအကြောင်း မလှရင် ရေနစ်သွားတတ်တယ်။ အဲ့တော့ ရေကူးချင်ရင်တော့ ရေမနက်တဲ့ နေရာမှာကူးပါ။ ဒါသည် ပြည်သူအတွက်လည်းကောင်းတယ်။ ရန်ကုန်နေ လူထုတွေအတွက်လည်း ကောင်းတယ်။ ကိုယ့်ရဲ့ဆန္ဒတခုတည်းနဲ့လုပ်တာနဲ့တော့ ဒီမှာရေနစ်သွားလို့ရှိရင် လူကြီးကစဉ်းစားတတ်ရက်နဲ့ မတားမြစ်ရကောင်းလား ဆိုပြီးဖြစ်လာမယ်။ ဒါကြောင့်မို့ ဦးတို့က ရပ်တန့်ပေးဖို့ပြောရတာပါ။”
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဖေဖော်ရီ ၁၅ ရက်နေ့ အပြီးသတ်ရေးဆွဲသွားဖို့ ဒီနေ့ ရန်ကုန်တိုင်း လွှတ်တော်မှာ ပြုလုပ်သွားတဲ့ ၄ပွင့်ဆိုင် လုပ်ငန်းအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကနေ သဘောတူထားကြပါတယ်။
.
သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း(DVB)
ရန်ကုန်သည် ရေနက်တဲ့နေရာမှာဖြစ်တယ် (ဦးသန့်ရှင်း)
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 14, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment