၂၀၁၅ခုနှစ်ထဲမှာ
နိုင်ငံခြားခရီးစဉ်တွေနဲ့ ပြည့်နှက်နေတဲ့ အေးမြတ်သူက
အနုပညာလှုပ်ရှားမှုတွေနဲ့ ဘ၀ကို ပုံမှန်လည်ပတ်နေရင်း
အချစ်ရေးကိစ္စနဲ့ပတ်သတ်ပြီး အသက် ၃၀ ဆို အိမ်ထောင်ပြုချင်ပေမဲ့ လက်ရှိမှာ ၂၉
ဖြစ်နေပြီး ဖူးစာရှင် မတွေ့သေးကြောင်းနဲ့ သူမရဲ့ အိမ်ထောင်ရေး ကံတရားက
ဘယ်လိုဖြစ်လာမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်နေတယ်ဆိုတာကို
“အရင်တုန်းကတော့ ချောတာ မက်တယ်။ နဲနဲလေးကြီးလာတော့ သိပ်မချောလဲ
အရေးမကြီးဘူး။ အလုပ်လေးရှိတဲ့သူဆို ပိုကောင်းမယ်။ ခုတော့ အဲ့ဒီလို
မဟုတ်တော့ဘူး။ ကိုယ်နဲ့နားလည်မှုရှိရှိ ကိုယ်နဲ့တူတူ လက်တွဲပြီး ဘ၀ကို
တိုက်ပွဲဝင်နိုင်မဲ့ သူကိုပဲ လိုအပ်လာတယ်။ အခုလက်ရှိ အသက်အရွယ်မှာ
အချစ်အကြောင်း ပြောဖို့နှုတ်မရဲတော့ဘူး။ အသက် ၂၉ ရှိပြီ။ ၂၉ ၊ ၃၀ ဆိုတာ
မိန်းမတစ်ယောက်တွက် ဘ၀က အရေးကြီးသွားပြီ။ အချစ်က အရေးမကြီးတော့ဘူး။
နှင်းဆီပန်းတွေရတယ်။ အရုပ်အကြီးကြီး ရတယ်ဆိုပြီး သာယာနေလို့ မရတော့ဘူး။
အချိန်တွေက ကျန်ခဲ့ပြီလေ။ အေးမြတ်သူ အိမ်ထောင်ပြုချင်တာ အသက် ၃၀ ခုထိလဲ
မလျှော့သေးဘူး။ ဒါပေမဲ့ လူတွေက မေးတယ်။ တွေ့ပြီလားဆိုတော့လဲ မတွေ့သေးဘူး။
အေးမြတ်သူက ၃၀ လောက် အိမ်ထောင်ပြုပြီး ၃၁ ဆို ကလေး မွေးချင်တယ်။
မိန်းမတစ်ယောက် အတွက် အဲ့ဒီအချိန်က အဆင်အပြေဆုံးပဲ။ သဘာဝတရားအရရော၊
ကလေးတစ်ယောက်ကို ထိန်းသိမ်းပဲ့ပြင်နိုင်တဲ့ အားရောပေါ့။ ဖြစ်ချင်တာပေါ့။
ဖြစ်မဖြစ်တော့မသိပါဘူး”လို့ပြောပြခဲ့ပါတယ်။
၂၀၁၅ မှာ လက်ခံထားတဲ့ နိုင်ငံခြား ခရီးစဉ်အချို့နဲ့ပတ်သက်ပြီးတော့လဲ သူမက “မလေးရှားသွားမယ်။ မလေးရှား ကွာလာလမ်ပူကနေ ၃ နာရီလောက်မောင်းရင် ရောက်မဲ့ မြို့တစ်ခုမှာ ဘုန်းကြီးကျောင်း တည်ဖို့အတွက် ရန်ပုံငွေပွဲလေးပေါ့။ ကိုဖိုးချစ်ဇာတ်နဲ့ပါ။ ကိုယ့်ဗုဒ္ဒဘာသာ ပြန့်ပွားရေးအတွက် အလှူအတွက်ပေါ့။ နောက် ၃လပိုင်းမှာ 7 Ladies show သွားဖို့ရှိတယ်။ အရင်ကလဲ မင်းသမီးတွေ သွားကြတယ်။ ဒါက ဒုတိယအကြိမ်ပေါ့။ ပထမတစ်ခေါက် သွားဖူးတယ်။ ပြောရရင် အေးမြတ်သူ ခုလို ဖိတ်ခေါ်ခံရတာကို မင်းသမီး တစ်ယောက်အနေနဲ့ဝမ်းသာတယ်။ ဘာလို့လဲဆိုတော့ ကိုယ်တွေက သီချင်းအများကြီး မဆိုတတ်ဘူး။ သူတို့ကလဲ မင်းသမီးအနေနဲ့ပဲဖိတ်ခေါ်တာပေါ့နော်။ ဟိုတစ်ခါသွားတုန်းက တခြားအနုပညာကိစ္စနဲ့သွားတာပေါ့။ ဒါကကျတော့ ကိုယ်က ပရိသတ်နဲ့ထိတွေ့ရမယ်။ ပျော်ရွှင်ရမယ်။ သူတို့လဲ ကိုယ့်ကြောင့် စိတ်တွေ လန်းဆန်းရမယ်။ ဟိုနိုင်ငံမှာက ဗမာပွဲ အရမ်းရှားတယ်။ သူတို့အတွက် စိတ်ကြည်လင်မှု ပေးနိုင်မှာဖြစ်တဲ့တွက် ကျေနပ်တယ်။ သီချင်းက ၆ ပုဒ်ဆိုမယ်။ အဟောင်းလေးတွေပဲ ရွေးထားတယ်။ အရမ်းခက်တဲ့ သီချင်းတွေလဲ မဆိုတတ်ဘူး။ အေးမြတ်သူက အဆိုတော် မဟုတ်တဲ့တွက် လွယ်တဲ့ သီချင်းလေးတွေပဲ ရွေးချယ် ထားပါတယ်။ ကလို့ကောင်းမဲ့ သီချင်းလေးတွေပေါ့”တဲ့။
http://www.trend.com.mm/2015/02/20/yollywood-5851

No comments:
Post a Comment