CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, February 20, 2015
ပျောက်ကွယ်တော့မည့် ကျောက်ဖြစ်ရုပ်ကြွင်း ကို ဗြိတိန်နိုင်ငံ၌ ပုံတူရုပ်တု သွန်းလုပ်မည်
ဗြိတိန်နိုင်ငံရှိ ဒွန်ကက်စ်တာ ပြတိုက်တွင် နှစ်ပေါင်း ၃ဝ ကြာ သိမ်းဆည်း ထားသည့် ichthyosaur အမျိုးအစား ရေနေတွားသွား သတ္တဝါ တစ်ကောင်၏ ကျောက်ဖြစ်ရုပ်ကြွင်း ကို အင်္ဂတေ ပုံတူ ရုပ်တုတစ်ခု သွန်းလုပ်၍ မျိုးစိတ်သစ် တွားသွား သတ္တဝါ တစ်ကောင်ပုံစံ အဖြစ် ပြောင်းလဲပြသရန် ကျောက်ဖြစ် ရုပ်ကြွင်း ပညာရှင်များက စဉ်းစား သုံးသပ်လျက် ရှိကြောင်း သိရသည်။
အဆိုပါ ကျောက်ဖြစ် ရုပ်ကြွင်းကို ၁၉၈ဝ ပြည့်နှစ် အစောပိုင်းက Dorset's Jurassic ကမ်းလွန်တွင် ရှာဖွေတွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ပြတိုက်သို့ ယူဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်း ကျောက်ဖြစ် ရုပ်ကြွင်း မျိုးစိတ်သည် နှစ်သန်းပေါင်း ၁၈၉ နှစ် သက်တမ်း ရှိသည့် ရေနေတွားသွား သတ္တဝါ အမျိုးအစား ဖြစ်သည်ဟု ယူဆရကြောင်း မန်ချက်စတာ တက္ကသိုလ် မှ ကျောက်ဖြစ် ရုပ်ကြွင်း ပညာရှင် တစ်ဦးက ပြောကြား ခဲ့သည်ဟု သိရသည်။
#PyiChitThar
ပျောက်ကွယ်တော့မည့် ကျောက်ဖြစ်ရုပ်ကြွင်း ကို ဗြိတိန်နိုင်ငံ၌ ပုံတူရုပ်တု သွန်းလုပ်မည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
February 20, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment