Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 20, 2015

အင်ဒိုနီးရှားနိုင်ငံအား ခြိမ်းခြောက်ခဲ့ခြင်း မဟုတ်ဟု သြစတြေးလျ ပြောကြား

 

အင်ဒိုနီးရှား အစိုးရက သြစတြေးလျ နိုင်ငံသား နှစ်ဦးကို သေဒဏ်ချမှတ် ခဲ့ခြင်းနှင့် ပတ်သက်၍ အင်ဒိုနီးရှား နိုင်ငံအပေါ် သြစတြေးလျ နိုင်ငံက ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည် ဆိုခြင်းကို သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့သ် က ယမန်နေ့တွင် ငြင်းဆိုခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် ၂ဝဝ၄ ခုနှစ်က ဆူနာမီ ဒဏ်ကြောင့် ဒုက္ခရောက် နေစဉ် လိုအပ်သော ငွေကြေး အကူအညီကို သြစတြေးလျ နိုင်ငံမှ ထောက်ပံ့ ပေးခဲ့ခြင်းအား သတိရ သင့်သည် ဟူသော ဖေဖော်ဝါရီ ၁၈ ရက်က မိမိ၏ ပြောကြားချက် သည် အိမ်နီးချင်း နှစ်နိုင်ငံ၏ ဆက်ဆံရေး နက်နဲမှုကို ထောက်ပြ ခြင်းသာ ဖြစ်ကြောင်း ဝန်ကြီးချုပ် တိုနီအက်ဘော့သ် က ပြောကြား ခဲ့သည်။

သြစတြေးလျ နိုင်ငံ အကူအညီ လိုအပ်သည့် အချိန်တွင် အင်ဒိုနီးရှားနိုင်ငံ ဘက်မှ ပြန်လည် တုံ့ပြန်ပေးရန် ဟူသော မိမိ၏ တိုက်တွန်း ပြောကြားချက် သည် အင်ဒိုနီးရှား နိုင်ငံကို ခြိမ်းခြောက် နေခြင်း မဟုတ်ကြောင်း၊ မိမိ၏ အဆိုပါ ပြောစကား အပေါ် အင်ဒိုနီးရှား နိုင်ငံက နားလည်မှု လွဲမှားနေခြင်း ဖြစ်ကြောင်း၊ မိမိ၏ ပြောကြားချက် များသည် နှစ်နိုင်ငံ၏ ဆက်ဆံရေး နက်နဲမှုကို ထောက်ပြ ပြောဆိုခြင်းသာ ဖြစ်သည် ဟု ဝန်ကြီးချုပ် တိုနီအက်ဘော့သ် က ထပ်လောင်း ပြောကြား ခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်က တိုနီအက်ဘော့သ် ၏ ပြောကြားမှုကို အင်ဒိုနီးရှား နိုင်ငံက ၄င်းတို့နိုင်ငံ အပေါ် ခြိမ်းခြောက်သည့် စကားများ အဖြစ် ယူဆပြီး ခြိမ်းခြောက်မှု များသည် သံတမန် ဆက်ဆံရေး တွင် မပါဝင်သည့် အချက်များ ဖြစ်သည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန မှ ပြန်လည် သတိပေး ပြောကြား ခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment