ဝန်ကြီးချုပ် တိုနီအာဘော့တ် (Credit: AAP) |
သြစတြေးလျနိုင်ငံရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး မဟာဗျူဟာအကြောင်း ဝန်ကြီးချုပ်က မနေ့တုန်းက ချပြစဉ်တုန်းက မွတ်စလင်ခေါင်းဆောင်တွေကို တိုက်တွန်းမှု လုပ်ခဲ့တာပါ။
မွတ်စလင်လူမျိုး လွှတ်တော်အမတ် Shaoquett Moselmane ကတော့ မွတ်စလင်လူမျိုးတွေကို ပစ်မှတ်မထားပဲ အကြမ်းဖက်သမားတွေကိုသာ ပစ်မှတ်ထားဖို့ ဝန်ကြီးချုပ် တိုနီအာဘော့တ်ကို ပြန်လည် ပြောဆိုထားပါတယ်။
ဝန်ကြီးချုပ်က မွတ်စလင်လူမှု အသိုင်းအဝန်းကို ဘာကြောင့် ပစ်မှတ်ထားရသလဲ၊ မွတ်စလင် အသိုင်းအဝိုင်းက ငြိမ်းချမ်းစွာနေထိုင်တယ်လို့ ဆိုပါတယ်။ မွတ်စလင်အယောက်ပေါင်း ငါးသိန်းလောက်ရှိပေမယ့် အဲဒီအထဲမှာပဲ တချို့လူကသာ ပစ်မှတ်ထားခံရမှာဖြစ်ပြီး အဲဒီလူတွေကို ဝန်ကြီးချုပ်နဲ့ လုံခြုံရေးတပ်တွေ ပစ်မှတ်ထားရမှာ ဖြစ်တယ်လို့ တုန့်ပြန်လိုက်ပါတယ်။
အစ္စလာမ်မစ် ကောင်စီရဲ့ အတွင်းရေးမှူး Karanda Seyit ကလည်း အကြမ်းဖက်မှုတွေ မဖြစ်အောင် မွတ်စလင်တွေက အများကြီး ကြိုးစားနေချိန်မှာပဲ ဝန်ကြီးချုပ်က အခုလို ပြောဆိုလိုက်တာက အကောင်းထက် အဆိုးကို ဖြစ်စေတယ်လို့ ပြောပါတယ်။
သာမာန်မွတ်စလင်တွေက ငြိမ်းချမ်းရေးရှိအောင် အများကြီးလုပ်ဆောင်နေကြပေမယ့် ဝန်ကြီးချုပ်ရဲ့ ပြောစကားတွေက ကြောက်စရာပိုဖြစ်အောင်၊ အကြမ်းဖက်မှုတွေ ပိုလုပ်လာအောင် သွေးထိုး လှုံ့ဆော်နေသလို ဖြစ်နေတယ်လို့ ပြောသွားခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2015-02-24/1418143
No comments:
Post a Comment