ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသား အဖြစ် ဂင်းနစ်မှတ်တမ်း အဖွဲ့က လွန်ခဲ့သည့်နှစ် သြဂုတ်လ အတွင်းက တရားဝင် အသိအမှတ်ပြု ခံရသူ ဂျပန်နိုင်ငံမှ အမျိုးသား သည် ယခု အခါ ၄င်း၏ အသက် ၁၁၂ နှစ်ပြည့် မွေးနေ့ပွဲကို ယမန်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆာကာရီမိုမိုအီ အမည်ရှိ အမျိုးသား သည် တိုကျိုအနီးရှိ ဆာအီတာမာမြို့ တွင် နေထိုင်လျက် ရှိပြီး ယခုအချိန် အထိ ကျန်းမာရေး ကောင်းမွန်လျက် ရှိသည်။ ၄င်း အမျိုးသားသည် လက်ရှိတွင် ကျန်းမာရေး ဝန်ဆောင်မှု ဌာန တစ်ခုတွင် နေထိုင်လျက် ရှိပြီး ၄င်း၏ မွေးနေ့ပွဲကို မိသားစုဝင် များနှင့်အတူ ကျင်းပခဲ့ခြင်း ဖြစ်သည်။
ဆာကာရီမိုမိုအီ သည် ၁၉ဝ၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ဖူကူရှီးမား စီရင်စု၌ မွေးဖွားခဲ့ခြင်း ဖြစ်ပြီး ယခင်က စိုက်ပျိုးရေး ဓာတုဗေဒ ဆိုင်ရာ ဆရာ တစ်ဦးအဖြစ် နှင့် ဖူကူရှီးမား၊ ဆာအီတာမာ စီရင်စုအတွင်း အစိုးရအထက်တန်းကျောင်း များ၌ ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသည်ဟု သိရသည်။
#PyiChitThar
No comments:
Post a Comment