Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 12, 2015

ဒီကနေ့ အတွက်ဟာသဖတ်စာ

ဒီကနေ့ အတွက်ဟာသဖတ်စာ။ပေါ့ပေါ့ပါးပါးဖတ်ရှုရယ်မော သောကအမောများပြေနိုင်စေသောဝ်
.......................
Yar Zar Myint
မင်္ဂလာပါရှန့်....
ပြည်တွင်းသတင်းများကို ဆက်လက်အစီရင်ခံတင်ပြသွားပါမယ် စန့်....
အမျိုးသားပညာရေး ဥပဒေနဲ့ပတ်သတ်လို့ ကျောင်းသားများတောင်းဆိုတဲ့ အချက် (၁၁) ချက်ကို အစိုးရမှ မူအားဖြင့် သဘောတူလိုက်တဲ့အတွက် ၊ ဆန္ဒပြကျောင်းသားများ မကျေမနပ် စိတ်ကောက်နေကြောင်း ကြားသိရပါတယ်ရှန့် ။
ဆန္ဒက အခုမှ ပြလို့ကောင်းနေတုန်းတန်းလန်း ၊ အစိုးရမှ အကြမ်းဖျင်း သဘောတူလိုက်တဲ့အတွက် သပိတ်လှန်ရမှာလား ၊ ဆက်လက်၍ သပိတ်မှောက်ရမှာလား ဝေခွဲမရ ဖြစ်နေကြပါတယ် ရှန့် ။
ဒါကြောင့်မို့လို့ သပိတ်ကြီး လေပေါ်မြှောက်ကြည့်၍ အဆုံးအဖြတ်ခံယူကြရာ....မှောက်လျက်ကြီး ကျလာသဖြင့် ဆက်လက်၍ သပိတ်မှောက်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရှိရပါတယ် ရှန့် ။
သို့သော်...သို့သော်...တစ်ဖက်မှလည်း အစိုးရကို အားနာသောအားဖြင့် ရန်ကုန်သို့ ဆက်လက်ချီတက်ခြင်း မပြုဘဲ........လောက်ကိုင်မြို့သို့သာ ဆန္ဒပြသပိတ်စစ်ကြောင်းများ ဦးတည် ချီတက်သွားကြောင်း သိရှိရပါတယ်....ရှန့် ။
အဆိုပါ လောက်ကိုင်မြို့နှင့် အနီးတစ်ဝိုက်တွင်လည်း ဦးပေါင်းကျားနှင့် ဖုန်ကြားရှင်တစ်ယောက် ထကြွသောင်းကျန်းနေကြောင်း သိရပါတယ်...ရှန့် ။
ဒီသတင်းကို ကြားသိရတဲ့အခါ လွှတ်တော်အတွင်းမှ တပ်မတော်သား ကိုယ်စားလှယ်များက ၊ ကျန်လွှတ်တော်အမတ်များကို စေ့စေ့ကြည့်ကာ "ဟယ်....အမတ်တို့ ။ နင်တို့ ငါတို့အစိတ်သားကို အိုပြီမှတ်သည် ။ ငါတို့ မအိုသေး ! "ဟု ရေရွတ်ကြိမ်းဝါးကာ ရှေ့တန်းစစ်မြေပြင်သို့ ထွက်ခွာသွားကြောင်း သိရပါတယ်...စန့် ။
လောင်ကိုင်မြို့နှင့်ပတ်သတ်၍ နောက်ဆုံးကြားသိရသည့် အခြေအနေမှာ လေကြောင်းကူ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရှိရပါတယ်...ရှန့် ။ တိုက်လေယာဉ်များမှာ တပ်မတော်လေမှ မဟုတ်ဘဲ အွန်လိုင်းမှ အကောင့်များ ဖြစ်နေပြီး တစ်ဖက်နှင့်တစ်ဖက် လက်နက်ကြီးများနှင့် ပစ်ခတ်နေတာကိုတော့ ထူးဆန်းစွာ ကြားသိရပါတယ်....ရှန့် ။
နောက်ဆုံးသတင်းတစ်ပုဒ် အနေနှင့် ဗိုလ်ချုပ်အောင်ဆန်းမှ ဒေါ်ခင်ကြည်သို့ ပေးပို့ထားသော လူသိပ်မသိသေးသည့် စာတစ်စောင် ထွက်ပေါ်လာကြောင်း သိရှိရပါတယ်...ရှန့် ။ စာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်...စန့်...
ကြည် /
ပဲပြုတ်နဲ့ နံပြား မရလည်း နေပစေတော့....။
နတ်မောက်က ဒို့အိမ်ပေါ် လူသိပ်မတက်စေနဲ့ ။
အောင်ဆန်း
ဟူ၍ ဖြစ်ပါတယ်....ရှန့်....။
ကျေးဇူးတင်ပါတယ်...စန့် ။

No comments:

Post a Comment