ဇင်ဘွာဘွေ သမ္မတ ရောဘတ်မူဂါဘီ လေယာဉ် လှေခါးပေါ်က အဆင်း ရုတ်တရက် ချော်လဲ သွားတဲ့ ဓာတ်ပုံဟာ အင်တာနက်မှာ လှောင်ပြောင်စရာ ဖြစ်လာကြောင်း သိရပါတယ်။ အာဏာရှင်ကို ဆန့်ကျင်ကြတဲ့ ကမ္ဘာ့ ပြည်သူတွေပာာ မူဂါဘီ လဲကျသွားတဲ့ ဓာတ်ပုံကို ကွန်ပျူတာနဲ့ ဖြတ်တောက်ပြီး ပုံစံ မျိုးစုံနဲ့ လှောင်ပြောင်ခဲ့တာ ဖြစ်ပြီး ရယ်စရာ ဖြစ်ခဲ့တာကြောင့် လူမှုကွန်ရက် မှာလည်း ဖြန့်ဝေမှုတွေ အကြိမ်ပေါင်း များစွာ ပြုလုပ်ခဲ့ ပါတယ်။ မူဂါဘီကို အဆိုတော် ဘီယွန်းဆေးနဲ့ အတူ သရုပ်ဆောင် ခိုင်းခြင်း၊ အမေရိကန် ရုပ်သံစတား ကင်မ်ကာဒီရှီယန် တင်ပါးကို ကိုင်ခိုင်းခြင်း၊ ရေလွှာလျှောစီး ခိုင်းခြင်း၊ မူဂါဘီဘီကို ရဲတွေက တုတ်နဲ့ ပြန်ရိုက်ခြင်း စတာတွေကို အင်တာနက်မှာ တင်ခဲ့ခြင်း ဖြစ်ပါတယ်။
အသက် (၉၀) နှစ်ရှိနေပြီ ဖြစ်တဲ့ မူဂါဘီဟာ အီသီယိုပီးယား နိုင်ငံမှာ ပြုလုပ်တဲ့ အာဖရိက ထိပ်သီး အစည်းအဝေးက အပြန် လာရောက် ကြိုဆိုတဲ့ သူတွေကို နူတ်ဆက်ဖို့ ကြိုးစားရာမှာ သတိလက်လွတ် ဖြစ်ပြီး ချော်လဲသလို ဖြစ်သွားခဲ့ပါတယ်။ ဇင်ဘွာဘွေ အစိုးရ ကတော့ မူဂါဘီ လှေကားပေါ် ကနေ ချော်လဲတာ မဟုတ်ကြောင်း၊ ချော်လဲမလို ဖြစ်နေစဉ် မှာ ထိန်းနိုင်ခဲ့ကြောင်း ကာကွယ် ပြောဆိုခဲ့ပါ တယ်။
ဒါကို ဇင်ဘွာဘွေ ပြန်ကြားရေး ၀န်ကြီးက ပြောကြားခဲ့တာ ဖြစ်ပြီး ဓာတ်ပုံထဲမှာ ချော်လဲတာကို အထင်းအရှား မြင်တွေ့ရပေမယ့် ထုတ်ပြန်တဲ့ သတင်းကြောင့် ပိုအရှက်ကွဲသွား ပါတယ်။ မူဂါဘီဟာ အာဏာကို မတရား ရယူခဲ့ မူကြောင့် လူ့ အခွင့်အရေး အဖွဲ့ တွေက ဝေဖန်ခဲ့ပါတယ်။ လာမယ့် ဖေဖော်ဝါရီ (၂၁) ရက်မှာ အသက်(၉၂)နှစ် ပြည့်တော့မှာ ဖြစ် ပြီး ၂၀၀၉ မှာ အမေရိကန် ငွေကြေးကို နိုင်ငံအတွင်း သုံးစွဲမှု ဖျက်သိမ်းခဲ့လို့ နိုင်ငံအတွင်း အခက်အခဲ မျိုးစုံနဲ့ ကြုံတွေ့နေရ ပါတယ်။
http://www.searchmyanmar.com/link/frame/cid/46994/domain/messengernewsjournal.com
No comments:
Post a Comment