Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 15, 2015

ပစ္စည်းပြတ်တဲ့အထိ ရောင်းအားကောင်းခဲ့တဲ့ ဝိုင်းစုခိုင်သိန်းရဲ့ ‘ခါချနေရတယ်

ပြည်ထောင်စုနေ့တွင် စတင်ဖြန့်ချိလိုက်သော ဝိုင်းစုခိုင် သိန်းနှင့်အမျိုးသားအဆိုရှင်များ ပါဝင်သီဆိုထားသော ခါချနေရ တယ်အခွေကို စီးတီးမတ်များတွင် ပစ္စည်းပြတ်သည်အထိ ရောင်းချ နေရပြီး အမှာများဆက်တိုက်ရှိ ကြောင်း သတင်းရရှိသည်။

‘‘အခွေအော်ဒါတွေတော့ ဆက်တိုက် တက်နေတယ်။ ဒီအခွေက မထွက်ခင်ဆယ်ရက် လောက်ကတည်းက အော်ဒါခုနစ် ထောင်လောက်ရှိတယ်’’ဟု ဝိုင်း စုခိုင်သိန်း၏မိခင်ကပြောသည်။

ဖေဖော်ဝါရီ ၁၄ ရက်တွင်ရန်ကုန်စီးတီးမတ် ဆိုင်အရေ အတွက် ထက်ဝက်ခန့်၌ အခွေများပြတ်သွား၍ အခွေအမှာများရှိ သည်ဟု ၎င်းကဆိုသည်။

အဆိုပါအခွေတွင် ဂီတလော က နာမည်ကြီးအမျိုးသားအဆို တော် ၁၅ ဦးနှင့် ဝိုင်းစုခိုင်သိန်းတို့ စုံတွဲသီဆိုထားသည့်သီချင်း ၁၅ ပုဒ်ပါဝင်သည်။

ယင်းအခွေ၏ ပရိုမိုးရှင်းပွဲကိုဖေဖော်ဝါရီ ၁၂ရက် ညနေက ရန်ကုန်မြို့ ကန်တော်ကြီး ကရ ဝိက်ဥယျာဉ်ကမ္ဘာတွင်ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက် (ယနေ့)၌မန္တလေးမြို့ နန်းရှေ့စီးတီးမတ် တွင်ပြုလုပ်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဖြန့်ချိခဲ့သော ဝိုင်းစုခိုင်သိန်း၏ တတိယ တစ်ကိုယ်တော်အခွေ အာဘွားဒီဗီဒီမှာလည်း စီးတီး အက်ဖ်အမ်မှပေးအပ်သည့် အရောင်းရဆုံးတေးစီးရီးဆုရရှိခဲ့ သည်။ထို့ပြင် ဖေဖော်ဝါရီ ၂၀ ရက် တွင်ပြုလုပ်မည့် မြန်မာဂီတထူး ချွန်ဆုပေးပွဲအတွက် ပရိသတ် အကြိုက်ဆုံး(အမျိုးသမီး)ဆု အတွက် ထက်ထက်နှင့်ဝိုင်းစု ခိုင်သိန်းတို့က မဲအရေအတွက် အများဆုံး ပထမနှင့်ဒုတိယနေရာ များတွင်ရပ်တည်လျက်ရှိသည်။
http://7daydaily.com/story/31799#.VOCw_y49THR

No comments:

Post a Comment