Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 12, 2015

မြန်မာဘာသာပြန်၍ ဖေ့စ်ဘွတ်ခ်သုံးစွဲမှု စည်းမျဉ်းများဝေမျှရန်ရှိ


လူမှုကွန်ရက် အသုံးပြုသူများ လိုက်နာရန် ဖေ့စ်ဘွတ်ခ်မှ ထုတ်ပြန်ထား သည့်စည်းမျဉ်းများ ကို မြန်မာဘာသာ သို့ပြန်ဆိုထားသည့် အချက်အလက် များအား အများပြည်သူ သိရှိစေရန် ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း မြန်မာ အိုင်စီတီဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (MIDO)မှသတင်းရရှိသည်။

‘‘ဖေ့စ်ဘွတ်ခ်က အသုံးပြုသူတွေ အတွက် လိုက်နာရမယ့်စည်းမျဉ်းတွေထုတ်ပေးထားတယ်။ တကယ်လို့ အဲဒါတွေကို သေချာနားလည်မယ်ဆိုရင် စည်းကမ်းနဲ့မညီဘဲ အမုန်းစကားဖြန့်ဝေမှုတွေ လုပ်နေတဲ့အကောင့်မျိုးတွေကို စနစ်တကျ Report လုပ်ပြီး တိုင်ကြားနိုင်မှာဖြစ်သလို ကိုယ်တိုင်လည်း လိုက်နာနိုင်မှာဖြစ်ပါတယ်’’ဟု MIDO မှ ပရိုဂရမ်မန်နေဂျာမထိုက်ထိုက်အောင်ကရှင်း ပြသည်။

MIDO အနေဖြင့် ဖေ့စ်ဘွတ်ခ်နှင့်ပူးပေါင်း၍ ပြီးခဲ့သည့်ဒီဇင်ဘာအတွင်းက လူမှုကွန်ရက်ပေါ်မှ အမုန်းစကားဖြန့်ဝေသူများကို အလွယ်တကူတိုင်ကြားနိုင်စေရန် Report လုပ်သည့်စနစ်ကို မြန်မာနိုင်ငံအတွက်သီးသန့်ပြင်ဆင်ပေးခဲ့သည်။

ယခုလအတွင်း၌ ဖေ့စ်ဘွတ်ခ်မှထုတ်ပြန်ပေးထားသည့် မြန်မာဘာသာပြန်ဖြင့် စည်းမျဉ်းများဖြန့်ဝေပေးခြင်းနှင့် အမုန်းစကားများနေရာတွင် အစားထိုးနိုင်မည့် မြန်မာဘာသာဖြင့်ပြုလုပ်ထားသည့် ပန်းစကားစတစ်ကာများဖေ့စ်ဘွတ်ခ်ပေါ်တွင် စတင်အသုံးပြုနိုင်စေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

‘‘လက်ရှိမှာ မြန်မာပြန်ထားတဲ့စည်းမျဉ်းတွေကို ပြန်ပြီးလေ့လာနေတယ်။ ပြီးရင် အများပြည်သူလေ့လာနိုင်ဖို့ ဖြန့်ဝေပေးသွားပါမယ်။ ပန်းစကားစတစ်ကာတွေကိုလည်း ဒီလအတွင်းမှာ စသုံးနိုင်ဖို့ ဖေ့စ်ဘွတ်ခ်နဲ့သဘောတူထားပြီးပါပြီ’’ဟု မထိုက်ထိုက်အောင်ကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖေ့စ်ဘွတ်ခ်အသုံးပြုသူပေါင်း ၃ ဒသမ ၈ သန်းကျော်အထိရှိလာကြောင်းသတင်းရရှိသည်။

7day daily

No comments:

Post a Comment