နေပြည်တော်
နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ မကွေး (ကံပြား) အမြန် လမ်းမဘေးတွင် အမျိုးသမီး တစ်ဦးသည် ဖေဖော်ဝါရီလ (၁၈)ရက်နေ့ မနက်ပိုင်း က မီးလောင် ဒဏ်ရာများဖြင့် သေဆုံးခဲ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုစရိုက် နှိမ်နင်းရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ဖြစ်တာကတော့ ည ဖေဖော်ဝါရီလ (၁၇) လောက်က ဖြစ်တာလို့ ယူဆတယ် ဟု ၎င်းက ပြောသည်။
အဆိုပါ အလောင်းဘေးတွင် သေနတ် ကျည်ဆန်ခွံ တစ်ခုကို တွေ့ရပြီး ယင်းသေနတ် ကျည်ဆန်ဖြင့် သေဆုံးခဲ့ခြင်း ရှိမရှိကို နေပြည်တော် ခုတင် တစ်ထောင်ဆံ့ ဆေးရုံသို့ ပို့ဆောင် ထားပြီး ဆရာဝန်၏ ဆေးစစ်ချက်ကို ရယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၁၈ ) ရက်နေ့ နံနက် (၈)နာရီ မိနစ် (၄၀) အချိန်ခန့်က နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ မကွေး (ကံပြား) ကားလမ်း မိုင်တိုင် အမှတ် ( ၄/၅) အနီးနေသူ ကိုဇေယျာဦး (၃၅) နှစ်ထံ တဲနီးချင်းနေသူ ဦးဆန်းဋ္ဌေး ရောက်လာပြီး မကွေးဘက်မှ နေပြည်တော်ဘက် မောင်းနှင် သွားသော မော်တော်ယာဉ် တစ်စီးမှ မိုင်တိုင် (၃ /၃-၄) အကြား ကားလမ်း အရှေ့ဘက်တွင် လူသေ အလောင်း တစ်လောင်းအား ခွေးများဆွဲနေကြောင်း ပြောကြားသွား သဖြင့် သေချာစေရန် သွားရောက် ကြည့်ရှုရန် ပြောသဖြင့် တဲနီးချင်းများနှင့် အတူ သွားကြည့် ရာ အဆိုပါ နေရာ ကားလမ်း အရှေ့ဘက် ကိုင်းတောစပ် အနီးတွင် မီးလောင်ကျွမ်း ထားသော အမျိုးသမီး ရုပ်အလောင်းအား ပက်လက် အနေအထားဖြင့် ဦးခေါင်းထိပ်တွင် ပေါက်ပြဲ ဒဏ်ရာ ၀ဲယာပေါင် နှစ်ဖက်စလုံးတွင် အသားစများအား ခွေးဆွဲထားသည့် ဒဏ်ရာများ၊ ယာဘက် လက်ကောက်ဝတ်တွင် ခွေးများ ကိုက်ဖြတ်ဆွဲ ထားသော ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ကြရသည် ဟု နေပြည်တော် ကောင်စီ နယ်မြေ၊ ပြည်ထဲရေးရုံးမှ သတင်း ထုတ်ပြန် ထားသည်။
မီးလောင်ပြီး သေဆုံး နေသည့် အမျိုးသမီးမှာ အသက် (၂၀) ကျော် အရွယ်ခန့် ရှိပြီး သူမ ကိုယ်ပေါ်မှ ကျောက်စီပန်းပွင့်များ ပါသော ဖန်စီ ဟန်းချိန်း တစ်ခုနှင့် လည်ပင်းတွင် မီးလောင်ကျွမ်း ထားသော ဖန်စီဘယက် တစ်ခုတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်း ခဲ့ပြီး (စုံစမ်းဆဲ) အလောင်းအား သေဆုံးရခြင်းနှင့် ပတ်သက်၍ စစ်ဆေးပေးနိုင်ပါရန် နေပြည်တော် ကုတင် တစ်ထောင်ဆံ့ ဆေးရုံသို့ ပေးပို့ ထားကာ အမှုအား တက်ရှိန်း နယ်မြေ ရဲစခန်း (ပ) ၄/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၀၂/ ၂၀၁ ဖြင့်ရေးဖွင့်ပြီး စခန်းမှူး ရဲအုပ် တင့်လွင်မှ စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။
The Messenger Media
http://www.messengerdaily.com/
နှလုံးရောဂါရှိသူများမကြည့်ရ။
Warning
Graphic Content
No comments:
Post a Comment