Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 22, 2015

သပိတ်မှောက်သူများနှင့် အလုပ်ရှင်များအကြား ညှိနှိုင်းပေးသော်လည်း အဆင်ပြေမှုမရဟု ဦးဇော်အေးမောင်ပြော


Sunday, February 22, 2015
လုပ်ခလစာ တိုးမြှင့်ရေး သပိတ်မှောက်တောင်းဆိုလျက် ရှိသော စက်ရုံအလုပ်သမားများနှင့် အလုပ် ရှင်များအကြား အကြိမ် ၂ဝ ထက်မနည်း စေ့စပ် ညှိနှိုင်းပေးခဲ့သော်လည်း အဆင်ပြေ မှုမရရှိဘဲ မိမိတို့အနေဖြင့် ပိတ်မိလျက်ရှိ ကြောင်း လွှတ်တော်ကိုယ်စားလှယ်နှင့် အ စိုးရဝန်ကြီးများ ပူးပေါင်းဖွဲ့စည်းထားသည့် ရန်ကုန်တိုင်းဒေသကြီး အလုပ်သမား ညှိ နှိုင်းရေးရာအဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော် အေးမောင်က ပြောသည်။
''အလုပ်သမားနဲ့ အလုပ်ရှင် ပဋိ ပက္ခဖြစ်နေလို့ နိုင်ငံအလားအလာ မကောင်း နိုင်ဘူး။ ဒီပြဿနာကိုဖြေရှင်းဖို့ အစိုးရတစ် ခုထဲမှာ တာဝန်ရှိတာမဟုတ်ဘူး။ အားလုံး မှာ တာဝန်ရှိတယ်။ ပြဿနာ မီးတောက် ကြီးလာရင် ကုန်ထုတ်လုပ်မှုတွေ ရပ်သွား ရင် ဘယ်သူဆင်းရဲသွားမလဲ အားလုံးဆင်း ရဲသွားမယ်။ ပိတ်မိနေတယ်။ ဆို့နေတယ်။ ဒါကို ပွင့်သွားအောင် ဘယ်လိုလုပ်မလဲ။ အကြံညဏ်တွေ လိုပါတယ်''ဟု ဖေဖော်ဝါ ရီ ၂ဝ ရက်တွင် ပြုလုပ်သော ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ညှိနှိုင်းရေးရာဆွေး နွေးပွဲတွင် ရခိုင်တိုင်းရင်းသားရေးရာ ဝန် ကြီး ဦးဇော်အေးမောင်က ပြောသည်။
လက်ရှိတွင် လှိုင်သာယာနှင့် ရွှေ ပြည်သာစက်မှုဇုန်အတွင်းရှိ အထည်ချုပ် စက်ရုံလေးရုံမှ စုစုပေါင်း အလုပ်သမား ၃ဝဝဝ ခန့်မှာ အခြေခံလုပ်ခလစာ နည်း ပါးခြင်းနှင့်ပတ်သက်၍ သပိတ်မှောက်လျက် ရှိပြီး ဝန်ကြီးဌာနနှင့် လွှတ်တော်ကိုယ်စား လှယ်များမှ ဖွဲ့စည်းထားသော ညှိနှိုင်းရေး အဖွဲ့မှ အကြိမ် ၂ဝ ကျော် ညှိနှိုင်းပေးလျက် ရှိသော်လည်း သဘောတူညီချက် တစ်စုံ တစ်ရာ မရရှိကြောင်း သိရသည်။
''ကျွန်မတို့အနေနဲ့ တောင်းဆို တာတွေက မလွန်ဘူး။ ရသင့်ရထိုက်တာ ကို တောင်းဆိုတာ မတရားတောင်းတာမ ဟုတ်ဘူး။ အခုက ကိုယ့်တစ်ယောက်တည်း တောင် မရပ်တည်နိုင်ဘူး၊ မိသားစုကိုထောက် ပံ့ဖို့ဆိုတာ ဝေးပါတယ်''ဟု အလုပ်သမား ခေါင်းဆောင် မခင်မျိုးဦးက ပြောသည်။
လက်ရှိတွင် အဆိုပါအလုပ်သ မားသပိတ်များနှင့် ပတ်သက်၍ မိမိတို့၏လိုအပ်ချက်များကို အကြမ်းဖက် တောင်း ဆိုမှုများ၊ လုပ်ငန်းဆောင်ရွက်မှုများကို အ ဖျက်အမှောင့် ပြုလုပ်ပိတ်ဆို့မှုများ လုပ် ဆောင်ပါက အလုပ်ရှင် အလုပ်သမား မခွဲ ခြားဘဲ တည်ဆဲဥပဒေများအရ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှလည်း အသိပေးချက်ထုတ် ပြန်ထားသည်။

Yangon Media Group

No comments:

Post a Comment