Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 2, 2015

မိုးလုံးမှိုင်း ရဲ့ အိမ်အပြန်(ရဲထွဋ် )


ဒီနေ့ ကိုမွန်းအောင်နဲ့ သူ့ဇနီး နေပြည်တော်ကကျွန်တော့်ရုံးခန်းကိုရောက်လာပါတယ်။ သူ့ကို ၀န်ကြီးအနေနဲ့မဟုတ်ဘဲ မွန်းအောင်ပရိသတ်တစ်ဦးအနေနဲ့ နေပြည်တော် ကို လာရောက် လည်ပတ်ဖို့ ဖိတ်ကြားခဲ့တာပါ။

နော်ဝေမှာနေထိုင်နေတဲ့ ကိုမွန်းအောင်နဲ့ တွေ့နိုင်ဖို့ အခွင့်အရေးနှစ်ကြိမ်ကြုံခဲ့ဖူးပါတယ်။ ၂၀၁၂ ဇွန်လ နော်ဝေမှာ မီဒီယာလေ့လာရေးခရီးစဉ်နဲ့ရောက်နေတုန်း ဒေါ်အောင်ဆန်း စုကြည်ကလည်း နိုဘယ်ငြိမ်းချမ်းရေးဆုလက်ခံဖို့ အော်စလိုကိုရောက်လာပါတယ်။ အဲဒီ မှာ ဒေါ်အောင်ဆန်းစုကြည်တည်းခိုတဲ့ဟိုတယ်ရှေ့ ကွက်လပ်မှာ ကိုမွန်းအောင် သီချင်း လာဆိုတယ်လို့ကြားလို့ သွားပေမယ့် မတွေ့တော့ဘူး။

၂၀၁၃ ဖေဖော်ဝါရီ မှာ သမ္မတကြီးနဲ့ နော်ဝေခရီးစဉ်ပါသွားတဲ့အခါ ကိုမွန်းအောင်က ကျွန်တော်တို့ တည်းခိုတဲ့ ဟိုတယ်ရှေ့ လမ်းရဲ့ တစ်ဘက်ပလက်ဖောင်းမှာ သီချင်းဆိုပြီး ဆန္ဒပြတယ်။ သူ အပါအ၀င် ဆန္ဒပြနေသူများနဲ့ စကားပြောဖို့လုပ်တော့ လုံခြုံရေးက ခွင့်မပြုတာနဲ့ လမ်းကူးသွားလို့မရခဲ့ဘူး။

အခုတော့ ကျွန်တော့်ရုံးခန်းကို သူရောက်လာခဲ့ပါပြီ။ ကျွန်တော်တို့ နှစ်ယောက် တစ်နာရီ ကျော်လောက် သူ့အတွေ့အကြုံတွေ၊ သီချင်းတွေအကြောင်းပြောဖြစ်ပါတယ်။

သူကမြစ်ကြီးနား ဇာတိ၊ ကျွန်တော်ကလည်း မြစ်ကြီးနားမှာ ငယ်ငယ်က ကျောင်းတက် ခဲ့တော့ အမျိုးစပ်တော့မှ သူနဲ့ ကျွန်တော်က ခုနှစ်တန်းတုန်းက သူငယ်ချင်းတွေဖြစ် နေတာကိုး။ ကျွန်တော်တို့အထက ၁ မြစ်ကြီးနားမှာတက်တော့ ကိုမွန်းအောင် တို့က အထက ၂ ။ သူ နဲ့ ကိုကျော်သီဟ ( အခု အင်န်အယ်ဒီလွှတ်တော်ကိုယ်စားလှယ်) ကလည်း သူငယ်ချင်း။ ကိုကျော်သီဟနဲ့ ကျွန်တော်က အိမ်ချင်းကပ်နေတဲ့ သူငယ်ချင်း။ ကို ကျော် သီဟနဲ့ သူက ပိုရင်းပါတယ်။

ကျွန်တော်က အဆိုတော်မွန်းအောင်ဆိုတာ မြစ်ကြီးနားတုန်းက ဒင်းနစ်ဆို တာမသိခဲ့ဘူး။ မြစ်ကြီးနားကထွက်လာတာ ကြာပြီဆိုတော့ သူအဆိုတော်ဖြစ်တော့လည်း ငယ်ရုပ် မဖမ်းမိ တော့ဘူး။ သူကလည်း ဦးရဲထွဋ်က မြစ်ကြီးနားမှာနေဖူးတယ်လို့ကြားတော့ ငါသိတဲ့ ရဲထွဋ် များလားလို့ထင်နေတာတဲ့။

ဘာပဲဖြစ်ဖြစ် မိုးလုံးမှိုင်းရဲ့ သူငယ်ချင်းဖြစ်ရတဲ့အတွက် ဂုဏ်ယူတဲ့အပြင် သူ့အိမ်အပြန် ခရီး ကို ကြိုဆိုခွင့်ရတဲ့အတွက် အတိုင်းမသိပျော်ရွှင်မိပါတယ်။

ကိုမွန်းအောင်က ဂီတဖျော်ဖြေပွဲလည်း လုပ်ဖို့စီစဉ်ထားတယ်လို့ ပြောသွားပါတယ်။ သူ့သီချင်း တွေကို လွမ်းနေသူများ အလွမ်းပြေနိုင်တော့မှာပါ။

No comments:

Post a Comment