Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 14, 2015

ချစ်သူများနေ့ တွင် လူရှေ့ သူရှေ့ တွဲသွားတွဲလာလုပ်သည့် စုံတွဲများကို အတင်းပေးစားမည်


နယူးဒေလီ ။ ။ အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဥတ္တာပရာဒေ့ရှ်ပြည်နယ်တွင် ချစ်သူများနေ့ တွင် အများအမြင်လူရှေ့ သူရှေ့ တွဲသွားတွဲလာလုပ်သည့် စုံတွဲများကို အတင်းပေးစားပစ်မည်ဟု ဟိန္ဒူအစွန်းရောက် အဖွဲ့ တစ်ခုက ခြိမ်းခြောက်လျက်ရှိသည်။

ချစ်သူစုံတွဲက လက်ချင်းချိတ်သွားလာခြင်း၊ ပွေ့ ဖက်နှင့်နှင့် ပန်းစည်းများ ကိုင်ဆောင်လာခြင်းတို့ ကို တွေ့ ရပါက အနောက်တိုင်းယဉ်ကျေးမှုကို ကူးပွားခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် သူတို့ ကို လက်ထပ်ပေးမှာဖြစ်ကြောင်း ဟိန္ဒူမာဟာစာဘဟာအဖွဲ့ ၏ ခေါင်းဆောင်ဖြစ်သူက သတိပေးချက်ထုတ်ထားခြင်းဖြစ်ကြောင်း တိုင်းမ်စ်အော့ဖ်အိန္ဒိယ သတင်းစာတွင်ဖော်ပြသည်။

"ကျွန်တော်တို့ က အချစ်ကို ဖီလာလုပ်တာမဟုတ်ဘူး။ ဒါပေမယ့် ရည်းစားစုံတွဲတွေအနေနဲ့ ချစ်ကြပါတယ်ဆိုရင်ဖြင့် လက်ထပ်ရမှာပဲဖြစ်တယ်။ တကယ်လို့ စုံတွဲတွေက လက်ထပ်ဖို့ အချိန်ယူစဉ်းစားရမယ်လို့ ပြောလာခဲ့ရင် ကျွန်တော်တို့ ကလည်း သူတို့ ကို ပြောမယ်။ သူတို့ ရဲ့ အချစ်က မရေမရာဆိုတာကို ပြောမယ်။ နောက်ပြီး သူတို့ မိဘတွေကိုလည်း အသိပေးလိုက်မှာဖြစ်တယ်။"ဟု ခေါင်းဆောင်ဖြစ်သူ ချန်ဒရာပရာကတ်ရှ်ကပြောခဲ့သည်။

ယင်းအဖွဲ့  လူမှုမီဒီယာများကိုလည်း စောင့်ကြည့်ပြီး ချစ်သူများဖြစ်သည်ဟု တရားဝင်လူသိခံထားသည့် စုံတွဲများကိုလည်း လက်ထပ်ကြရန်အတွက် အတင်းတွန်းအားပေးသွားရန်လည်း ကြံရွယ်ထားသည်။

ဟိန္ဒူမာဟာစာဘဟာအဖွဲ့ ၏ ယခုကြေညာချက်ကြောင့် လူများ၏ စိတ်ဆိုးဒေါသထွက်မှုများဖြစ်ပေါ်စေပြီး တွစ်တာပေါ်တွင်လည်း လူဒါဇင်များစွာက အတိအလင်း ဝေဖန်မှုများ ပြုခဲ့ကြသည်။

Ref: INTERNATIONAL BUSINESS TIMES
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/39015-2015-02-14-13-07-18

No comments:

Post a Comment