Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 15, 2015

ကျောင်းသားသပိတ် ရန်ကုန်တိုင်းအတွင်း ဝင်ရောက်မှုမရှိစေရန် ဥပဒေအရဆောင်ရွက်မည်


သဘောတူညီမှုများ ရယူပြီး အစိုးရနှင့် ကျောင်းသားများအကြား ထပ်မံဆွေးနွေးရန် ရက်သတ်မှတ်ပြီး ဖြစ်သော်လည်း ကျောင်းသားသပိတ် စစ်ကြောင်းများသည် ရန်ကုန်မြို့သို့ ဆက်လက်ချီတက် နေသဖြင့် ရန်ကုန်မြို့ အတွင်းသို့ ဝင်ရောက်နိုင်ခြင်း မပြု စေရန်အတွက် ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အစိုးရမှ သတင်းထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၁၃ ရက်စွဲဖြင့် ထုတ်ပြန်သော ယင်းထုတ်ပြန်ကြေညာချက်တွင် ကျောင်းသားများ၏ တောင်းဆိုချက်များကို လိုက်လျောထားပြီး ကျောင်း သားများ ဆက်လက်ချီတက်ခြင်းမပြုရန် ပြောကြားထား ပြီးဖြစ်ကြောင်းနှင့် ရန်ကုန်မြို့အတွင်းသို့ ဝင်ရောက်ပါက မလိုလားအပ်သော ပြဿနာရပ်များ ပေါ်ပေါက်လာ နိုင်ပြီး လုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့အတွက် ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ဇန်နဝါရီ ၂ဝ ရက်မှ စတင်ခဲ့သော ကျောင်း သားသပိတ်သည် အချက် ၁၁ ချက်ပါ တောင်းဆိုချက် ဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပသည့် အစိုးရနှင့် ကျောင်းသားများ၏လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် မူအားဖြင့် ယင်းအချက် ၁၁ ချက်အား အကောင်အထည်ဖော်ပေးရန် သဘောတူ ခဲ့ပြီးဖြစ်သည်။
သို့သော် ကျောင်းသား စစ်ကြောင်းများမှာ လွှတ်တော်အတွင်း ပြင်ဆင်မှုများ ပြုလုပ်ဦးမည် ဖြစ် သဖြင့် စိတ်မချရသေးသောကြောင့် ဆက်လက်ချီတက် မည်ဟုဆိုကာ ဆက်လက်ချီတက်နေကြခြင်း ဖြစ်သည်။
အလားတူ ကျောင်းသားသပိတ်စစ်ကြောင်း ၏ ပင်မစစ်ကြောင်းဖြစ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသစစ်ကြောင်းမှ လည်း မည်သည့်အခြေအနေတွင်ပင်မဆို ရန်ကုန်သို့ ချီတက်မည်ဖြစ်ပြီး အောင်မြင်ခဲ့လျှင်လည်း အောင်မြင် မှုအပေါ် အောင်ပွဲခံသည့်အနေဖြင့် ဆက်လက်ချီတက် သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်စွဲဖြင့် ကြေ ညာချက် ထုတ်ပြန်ခဲ့သည်။
ယင်းအပြင် ပြီးခဲ့သည့် ဆွေးနွေးပွဲရလဒ်အား တိုးတက်မှုအဖြစ် ရှုမြင်ပြီး သပိတ်မှောက်စဉ် ကျောင်း သားသပိတ်ကို သေးသိမ်စေနိုင်သည့် ဝါဒဖြန့် ဆိုင်း ဘုတ်များ ချိတ်ဆွဲခြင်း၊ တန်ပြန်ဆန္ဒပြခြင်းတို့အပေါ် တွင်လည်း ပြင်းထန်စွာ သတိပေးကြောင်း ဗကသအဖွဲ့ ချုပ်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

TheFlowerNews

No comments:

Post a Comment