Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 23, 2015

Birdman ဇာတ်ကား အော်စကာ ၄ ဆု ဆွတ်ခူး

အကောင်းဆုံး အဓိက ဇာတ်ဆောင် မင်းသားဆု Eddy Redmayne လက်ခံရယူ
ဟောလိဝုဒ် မှာ ပြုလုပ်တဲ့ အော်စကာ ရုပ်ရှင် ထူးချွန်ဆု ပေးပွဲမှာ Birdman ရုပ်ရှင်က အောင်မြင်မှုတွေ ရခဲ့ပါတယ်။

အကောင်းဆုံး ဇာတ်ကားဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆု အပါအဝင် Birdman ဇာတ်ကားက ထူးချွန်ဆု ၄ ခု ဆွတ်ခူးခဲ့ပါတယ်။

Birdman ဇာတ်ကားမှာ ဒါရိုက်တာ Alejandro Gonzalez Inarritu က အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို The Theory of Everything ဆိုတဲ့ ဇာတ်ကားမှာ သိပ္ပံ ပညာရှင် Stephen Hawking အဖြစ် သရုပ်ဆောင်တဲ့ ဗြိတိသျှ မင်းသား အယ်ဒီ ရက်ဒ်မိန်းEddy Redmayne က ရရှိခဲ့ပါတယ်။

ဆုလက်ခံရယူခဲ့ချိန်က သူ့ အနေနဲ့ ဘယ်လို ခံစားနေရတယ် ဆိုတာ ပြောမပြတတ်ကြောင်းနဲ့ ဒီ အော်စကာဆု ရတာ သူ တကယ့်ကို ကံကောင်းတယ်လို့ အကောင်းဆုံး သရုပ်ဆောင် မင်းသားဆု ရသွားတဲ့ Eddie Redmayne က ပြောပါတယ်။

အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို တော့ မှတ်ဉာဏ် ချို့တဲ့ တဲ့ပါမောက္ခ အဖြစ် Still Alice ဇာတ်ကားမှာ သရုပ်ဆောင်တဲ့ မင်းသမီး Julianne Moore က ဆွတ်ခူးခဲ့ ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese/world/2015/02/150223_oscars_2014

No comments:

Post a Comment