တွစ်တာ လူမှု ကွန်ရက်ကြီးကို လစဉ် အသုံးပြုနေသူ အရေအတွက် က ထင်မှတ်သည်ထက် ကျဆင်းသွား ရခြင်းမှာ Apple ၏ iOS 8 တွင် ပါဝင်သည့် ချို့ယွင်းချက် တစ်ခုကြောင့် ဖြစ်သည်ဟု တွစ်တာ CEO က ဖေဖော်ဝါရီ ၅ ရက်က ပြောကြား ခဲ့သည်။
တွစ်တာ CEO Dick Costolo နှင့် CFO Anthony Noto တို့က ၄င်းတို့၏ နောက်ဆုံး လေးလပတ် ရောင်းရငွေကို ကြေညာ ခဲ့ခြင်းဖြစ်ရာ လက်ရှိတွင် တွစ်တာကို လစဉ် အသုံးပြု နေသူမှာ၂၉၂ သန်း ရှိလိမ့်မည်ဟု ခန့်မှန်း ခဲ့သော်လည်း တွစ်တာ အသုံးပြုသူ အရေအတွက်မှာ ၂၈၈ သန်းသို့ ကျဆင်း သွားရသည့် အကြောင်းရင်းကို ရှင်းပြခဲ့ခြင်း ဖြစ်သည်။
CEO Dick Costolo က Apple ကုမ္ပဏီနှင့် ဆက်ဆံရေး ကောင်းမွန်လျက် ရှိကြောင်း၊သို့သော် Apple ၏ iOS 8 နှင့် တွဲ၍ တွစ်တာ ဆော့ဖ်ဝဲအသစ် ကို ထုတ်လုပ် ရာတွင် ၄င်းတို့ ကြိုတင် မသိထား ခဲ့သည့် ချို့ယွင်းချက် တစ်ခုကြောင့် လစဉ် တွစ်တာ အသုံးပြုသူ လေးသန်း ခန့်ဆုံးရှုံး ခဲ့ရကြောင်း ပြောပြ ခဲ့သည်။ တွစ်တာ နည်းပညာရှင် များက အဆိုပါ ချို့ယွင်းချက် ကို သိမြင် လိုက်သည်နှင့် တစ်ပြိုင်နက် ၄င်းတို့၏ အမှားကြောင့် တွစ်တာ အသုံးပြုသူ အရေအတွက်ကို ထိခိုက်မှု လျော့နည်း စေရန် ပြင်ဆင်ရေး လုပ်ငန်းများကို အမြန်ဆုံး လုပ်ဆောင် ခဲ့ကြောင်း သိရသည်။
တွစ်တာ ချို့ယွင်းချက် ကြောင့် အသုံးပြုသူ များမှာ မတူညီသော ပြဿနာ အမျိုးမျိုး ကြုံတွေ့ခဲ့ ရသဖြင့် ပြုပြင်မှုများ လုပ်ဆောင် ရာတွင်လည်း ဆုံးရှုံး သွားသော တွစ်တာ အသုံးပြုသူ အရေအတွက် အားလုံးကို ပြန်ရနိုင်ရန် နည်း အမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့ ရကြောင်း သိရသည်။ တွစ်တာ အတွက် သတင်းကောင်း တစ်ခုမှာ ၄င်းတို့၏ နောက်ဆုံး လေးလပတ် ရောင်းရငွေက မူလ တွက်ချက် ထားသည့် ဒေါ်လာ ၄၅၃ ဒသမ ၃၄ သန်း အမှတ်ကို ကျော်လွန် နိုင်ခဲ့ပြီး ဒေါ်လာ ၄၇၉ သန်း ဝင်ငွေ ရရှိခဲ့ကြောင်း သိရသည်။
#PyiChitThar
No comments:
Post a Comment