Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 23, 2015

YouTube ရဲ့ ပြိုင်ဘက်ဖြစ်လာမယ့် Vessel


Hulu ဆိုတဲ့ အမေရိကန် အွန်လိုင်း ကုမ္မဏီ ရဲ့ ယခင် CEO တစ်ယောက်ဖြစ်တဲ့ Jason Killer ဟာ Vessel ဆိုတဲ့ ဗီဒီယို ၀က်ဘ်ဆိုက်တစ်ခုကို တည်ထောင်ပြီး သူ့ရဲ့ ၀က်ဘ်ဆိုက် Vessel ဟာ YouTube ရဲ့  ပြိုင် ဘက်ဖြစ် လာမယ်လို့ ဆိုလိုက်ပါတယ်။ Vessel ဟာ လက်ရှိမှာ Beta အစီအစဉ်တစ်ခုကို လုပ်ဆောင်နေ ပြီး ထို အစီအစဉ်ဟာ iOS ကိရိယာ တွေမှာ အသုံးပြုလို့ရမှာပါ။
 Android စနစ်သုံး ကိရိယာတွေ အတွက်တော့ မကြာခင်မှာ ထပ်မံ လုပ်ဆောင်ပေးမယ်လို့ သိရပါတယ်။ ထို အစီအစဉ်ဟာ Vessel ရဲ့ ဗီဒီယို ၀န်ဆောင်မှု တွေအတွက် တစ်လတိတိ အခမဲ့ကြည့်ရှုခွင့် ရမယ့် အစီအစဉ် တစ်ခုဖြစ်ပါတယ်။
 Vessel ဆိုတဲ့ ဗီဒီယို ဝေမျှတဲ့ ၀က်ဘ်ဆိုက် ကို ဇန်န၀ါရီလ ၂၁ ရက်နေ့ က စတင် တည်ထောင်ခဲ့ တာဖြစ်ပြီး Hulu အင်တာနက် ကုမ္မဏီ ရဲ့တည်ထောင်သူ တစ်ယောက်ဖြစ်ခဲ့တဲ့ Jason Killer က Amazon ဈေးဝယ် ၀က်ဘ်ဆိုက် ရဲ့ CEO ဖြစ်တဲ့ Jeff Bezos နဲ့အတူ ဒေါ်လာ ၇၇ သန်းစီ မတည် တည်ထောင်ခဲ့ကြပြီး Greylock Partners ၊ Benchmark Capital နဲ့ Bezos Expeditions ကုမ္မဏီတို့ကလည်း ရှယ်ယာ ရှင်တွေဖြစ်ကြတယ် လို့ သိရပါတယ်။ 


Credit : http://www.engadget.com
http://technology.thithtoolwin.com/2015/01/youtube-vessel.html

No comments:

Post a Comment