Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 6, 2015

**Weekly Forecast for Gold Price*** ( 5th Jan 2015 - 9th Jan 2015 )

***Weekly Forecast for Gold Price*** ( 5th Jan 2015 - 9th Jan 2015 )
Christmas နဲ့ New Year ပိတ်ရက်တွေအပြီး Pro Trader တွေပြန်လည်စုံလင်လာတဲ့ ယခုရက်သတ္တပါတ်မှာ ဈေးကွက်အပေါ် သက်ရောက်မှုအားကြီးတဲ့ US က FOMC Minutes, Non-Farm Payroll စတဲ့ အရေးကြီးသတင်း Data တွေအပြင် European Central Bank's(ECB) Meeting, Bank of England(BOE) ရဲ့ Interest Rate Decision အစရှိတဲ့ သတင်းတွေပါထွက်ဖို့ရှိလို့ ယခုအပါတ်ဟာ Trader တွေအတွက် အရေးကြီးပြီး သတိထားရမယ့် ရက်သတ္တပါတ်ဖြစ်ပါတယ်။
အထူးသဖြင့် ယခုလကုန်ပိုင်းမှာ ဈေးကွက်အပေါ် Turning Point တွေဖြစ်စေနိုင်တဲ့ Greece ရဲ့ တတိယအကြိမ်မြောက် Election (25th Jan), ECB's Monetary Policy Meeting (22nd Jan), FOMC Minutes (27-28th Jan) အစရှိတဲ့ အစည်းအဝေးတွေကနေ ထူးခြားတဲ့ သတင်းရလာဒ်ပိုင်းတွေ ထွက်ပေါ်နိုင်လို့ January လကုန်ပိုင်းမှာ Trader တွေအနေနဲ့ ပိုသတိထားသင့်ပါတယ်။ 
ဒီနေ့ဈေးကွက်ကို ကြည့်ရင်တော့ Trader တွေရဲ့ ပစ်မှတ်က Over Supply ဖြစ်နေတဲ့ ရေနံ(Oil) ဖြစ်ခဲ့ပါတယ်။ ယနေ့ 5 နှစ်ခွဲအတွင်း အနိမ့်ဆုံးဈေး ($50.02/barrel) ကို ရောက်ခဲ့တဲ့ ရေနံဈေးဂယက်ကြောင့် Asia နဲ့ Europe က Stock အများစုနဲ့ US Stock တွေကျဆင်းခဲ့ရပါတယ်။ ဒါ့အပြင် မကြာခင်က တက်လာတဲ့သတင်းအရ Saudi က သူ့ရဲ့Monthly ရေနံခွဲတမ်းဈေးကို Europe နဲ့ US အတွက်လျော့ပေးပြီး Asia ဘက်ကိုတော့ တင်လိုက်တာကြောင့် ထုတ်လုပ်မှု မလျှော့ဘဲ ဈေးကွက်ဝေစုကိုပဲ ပိုယူမယ့်ပုံစံဖြစ်နေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ ရေနံဈေး 20$ ရောက်ခဲ့လည်း ပြဿနာမရှိဘူးဆိုတဲ့ Saudi ရဲ့ Policy ပိုင်းက ခုထိမပြောင်းလဲသေးတာ ကိုလည်း တွေ့နိုင်ပါတယ်။ ဒါ့အပြင် ECB Chairman - Draghi က ယခုလကုန်ပိုင်း အစည်းအဝေးမှာ ကျဆင်းနေတဲ့ Euro စီးပွားရေးကို တွန်းတင်ဖို့ အပြောင်းအလဲပြုလုပ်ဖွယ်ရှိတယ်လို့ Interview တစ်ခုမှာပြောခဲ့တာကြောင့် ယနေ့မှာ Euro ငွေတန်ဖိုးဟာလည်း Oil Price နဲ့အပြိုင်ကျဆင်းခဲ့ပြီး EUR/USD ဟာ 9 နှစ်အတွင်း အနိမ့်ဆုံးနှုန်းဖြစ်တဲ့ (1.1858) ထိကျဆင်းခဲ့ပါတယ်။
သူတို့ကြောင့် USD Index ကလည်း 9 နှစ်အတွင်း အမြင့်ဆုံး (92.05) ထိမြင့်တက်ခဲ့ပြီးနောက် World Economy Balance ကို မညီမျှမှုတွေဖြစ်စေနိုင်ပါတယ်။ အတက်ဘက်ကို အရှိန်ရလာတဲ့ US စီးပွားရေးနဲ့ တရိပ်ရိပ်တက်လာတဲ့ ဒေါ်လာငွေတန်ဖိုးက အကြပ်အတည်းတွေကြုံနေရတဲ့ ဖွံ့ဖြိုးပြီး တခြားနိုင်ငံတွေက Central Bank တွေရဲ့ Policy Maker တွေကို Decision ချဖို့ ပိုပြီး ကြပ်တည်း (သို့) မြန်သွားစေနိုင်ပါတယ်။ 
Gold ကတော့ Eurozone ကနေ ခွဲထွက်ပြီး Euro ငွေကိုမသုံးတော့မယ့်အထိ Political ပိုင်းမငြိမ်သက်မှုတွေဖြစ်နေတဲ့ Greece ကြောင့် Safe-Heaven Asset အဖြစ်ပြန်မြင်လာမှုနဲ့ Oil, Euro နဲ့ Stock တွေကျဆင်းမှုကြောင့် Cover ပြန်ယူကြလို့ 1200 အထက်ကိုတက်ခဲ့ပါတယ်။ ဒါပေမယ့် မာနေတဲ့ ဒေါ်လာငွေတန်ဖိုးက ရွှေဈေးကို အဟန့်အတားဖြစ်စေနိုင်တာကိုတော့ သတိထားရပါမယ်။
ဒီတစ်ပါတ်ထဲထွက်ရှိမယ့် သတင်းတွေ အနက်က ECB Meeting, FOMC Minutes နဲ့ Non-Farm Payroll Result တွေကို သတိထား စောင့်ကြည့်သင့်ပါတယ်။ 
ကျွန်တော့်ရဲ့ Opinion ကတော့ ECB Meeting က လကုန်ပိုင်းချမှတ်မယ့် Future Policy အတွက် စကားစ ထွက်လာနိုင်ပြီး FOMC ကတော့ ယခုနှစ် နှစ်ဆန်းပိုင်းမှာ Interest Rate ကို အပြောင်းအလဲ လုပ်ဖွယ်မရှိလို့ Trader အများစုမျှော်လင့်နေတဲ့ သတင်းစကားထွက်လာဖို့ သိပ်မရှိဘူးလို့ မြင်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လက US ရဲ့ အလုပ်ဖန်တီးပေးမှုနှုန်း အရမ်းမြင့်ခဲ့လို့ NFP က ခန့်မှန်းတာထက် ပိုကောင်းမယ်လို့ ယူဆပါတယ်။
ဘာပဲဖြစ်ဖြစ် ယခုအပါတ်မှာ ရွှေဈေးကွက် လှုပ်ခတ်မှုကြီးမားနိုင်ပြီး 1200 Level ကို ခေါက်တုန့်ခေါက်ပြန် ဖြတ်သန်းမှုတွေကို မြင်တွေ့ရနိုင်ပါတယ်။ 
Resistance တွေအနေနဲ့ 1255-1240-1225-1210 တွေမှာထားနိုင်ပြီး Supported Line တွေကိုတော့ 1180-1165-1140-1132 တို့မှာထားနိုင်ပါတယ်။ 1200 ကိုတော့ လတ်တလောကာလမှာ Average Price အနေနဲ့ ထားနိုင်ပါတယ်။
ဆန့်ကျင်ဘက်ဖြစ်တဲ့ မာနေဆဲ USD Index, ပုံမှန်အားဖြင့် Trend တူလေ့ရှိပြီး ဆိုးဆိုးရွားရွား ကျဆင်းနေတဲ့ Euro နဲ့ ရေနံဈေး။ အပြောင်းအလဲလုပ်နိုင်တဲ့ Eurozone။ မထင်မှတ်ဘဲ Interest Rate တိုးမြှင့်နိုင်တဲ့ Federal Reserve။ ဒါ့အပြင် First Trading Day (2nd Jan 2015) မှာကျဆင်းခဲ့လို့ ( ပထမဆုံးရက်က တစ်လလုံးရဲ့ Trend ကိုမှန်းလို့ရတယ်ဆိုတဲ့ ) စောင့်ကြည့်ရမယ့် January Effect စတာတွေက ရွှေဈေးကို ပြန်ဆွဲချနိုင်တဲ့ အကြောင်းအရာတွေဖြစ်ပြီး Geopolitical Tension, Feb လလယ်မှာ ကျရောက်မယ့် Chinese New Year ကြောင့် မြင့်တက်လာနိုင်တဲ့ Physical Gold Buying တွေက ရွှေဈေးကို ပြန်လည်ဦးမော့စေနိုင်မယ့် အကြောင်းအရာတွေ ဖြစ်ပါတယ်။
အများစုက ရွှေဈေးတက်ဖို့ မျှော်လင့်ကောင်းမျှော်လင့်ကြမှာ ဖြစ်ပေမယ့် Psychological Key Level တွေဖြစ်တဲ့ 1265-1255 Level ကို ကျော်ဖြတ်နိုင်မှသာ Bull Market Trend ကိုပြောင်းလဲနိုင်မှာဖြစ်လို့ ဈေးအတက်ပြတိုင်း လောဘမကြီးဘဲ သတိထားစေချင်ပါတယ်။ 
နိဂုံးချုပ်အနေနဲ့ နာမည်ကျော် ရင်းနှီးမြှပ်နှံသူကြီးဖြစ်တဲ့ Warren Buffett ရဲ့ နာမည်ကျော်စကားဖြစ်တဲ့ " Be fearful when others are greedy and greedy only when others are fearful " ဆိုတဲ့ စကားစုလေးကို လက်ဆောင်ပါးရင်း နှုတ်ဆက်ပါရစေ။ အချိန်ပေးပြီး ဖတ်ရှုကြတဲ့ အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။ နှစ်သစ်မှာ အမြတ်အစွန်းတွေ များစွာရရှိကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ။ 
Global Market နဲ့ပတ်သက်ပြီး နားမလည်တာ သိချင်တာ ဆွေးနွေးချင်တာတွေရှိခဲ့လျှင်လည်း ကျွန်တော့် Facebook Account - Private Message ကနေတဆင့် သော်လည်းကောင်း။ ဒါမှမဟုတ် Group ထဲကနေတဆင့် သော်လည်းကောင်း မေးမြန်းဆွေးနွေးနိုင်ပါတယ် ခင်ဗျာ။ အတတ်နိုင်ဆုံးကျွန်တော်သိထားသလောက် ပြန်လည်ဖြေကြား ဆွေးနွေးပေးသွားပါ့မယ်။ တပါတည်း ဝေဖန်အကြံပြုမှုများကိုလည်း ကြိုဆိုပါကြောင်းလည်း ပြောကြားလိုပါတယ် ခင်ဗျာ။
ကျေးဇူးတင်ပါတယ်။
***Important Economic News and Data for this week***
6th Jan (Tue)
1. 9:30 p.m = Non-Manufacturing PMI (US) -
7th Jan (Wed)
1. 2:30 p.m = Non-monetary policy's ECB Meeting (EU)
2. 3:25 p.m = Unemployment Rate & Change (GER)
3. 4:30 p.m = CPI & Unemployment Data (EU)
8th Jan (Thu)
1. 1:30 a.m = FOMC Minutes (US)
2. 6:30 p.m = BoE Interest Rate Decision & Asset Purchase Facility
3. 8:00 p.m = Initial & Continuous Jobless Claims (US)

9th Jan (Fri)
1. 8:00 p.m = Non-Farm Payroll & Unemployment Data (US)


No comments:

Post a Comment