Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 4, 2015

''ခိုင်မန္တလေး'' Under Pass တံတား၏လက်ရန်းနှင့် Guard Poss တိုင်များအား ဝင်ရောက်တိုက်မိ


အရှိန်မထိန်းနိုင်သော ခရီးသည်တင်ယာဉ် Under Pass တံတား၏လက်ရန်းနှင့် Guard Poss တိုင်များအား ဝင်ရောက်တိုက်မိ

နေပြည်တော်၊ ဇန်နဝါရီ ၎

၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန် မန္တလေးတိုင်း ဒေသကြီး၊ ပျော်ဘွယ် မြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၆၂/၂-၃)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပေပင်လေး အမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့၊ ပြည်တော်သာရပ်ကွက်နေ မျိုးအောင်(၄၈)နှစ် မောင်းနှင်လာသော 6F/¬xxxx ''ခိုင်မန္တလေး''ခရီးသည်တင်မှန်လုံယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ပျော်ဘွယ်- နတ်မောက်ကားလမ်း Under Pass တံတား၏ ဝဲဘက်လက်ရန်းနှင့် Guard Poss တိုင်များအား ဝင်ရောက်တိုက်မိပြီး လမ်းလယ်ကျွန်းနှင့် တစ်ဖက်ယာဉ်ကြောကို ကျော်တက်ကာ လမ်းဘေးမြေသား လမ်းပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါ လာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်၏ ရှေ့ဘန်ဘာဝဲဘက်ခြမ်း အနည်းငယ်ပွန်းပဲ့၊ ဝဲဘက် ရှေ့ဘီးကွဲပြီး ခွေတွန့်ကြေ၍ တန်ဘိုးငွေကျပ်(၃)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် မျိုးအောင်အား ပေပင်လေးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

No comments:

Post a Comment