Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 9, 2015

အစ်ကိုဖြစ်သူအား သေနတ်နဲ့ ပစ်သတ်ခဲ့ခြင်းကြောင့် လူသတ်မှုစွဲချက်ရင်ဆိုင်နေတဲ့ ညီအစ်မနှစ်ဦး | Trend Myanmar

Misty Ariel နဲ့ Nicole Kornegay တို့ ညီအစ်မဦးဟာ သူတို့ရဲ့အစ်ကိုဖြစ်သူ Damien အား ကြိုတင်စီစဉ်ပြီး သတ်ဖြတ်တယ်ဆိုတဲ့ ပစ်မှုစွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူတို့ အစ်ကိုဖြစ်သူ Damien ကို သေနတ်ဒဏ်ရာနဲ့ အိမ်ထဲတွင် သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။

Florida ပြည်နယ် White Springs က Dollar Store General အနီးမှာ ဆယ်ကျော်သက်အရွယ် အိမ်ပြေးနှစ်ယောက်ရှိတယ်ဆိုပြီး ရဲကို သတင်းပေးခဲ့ကြပါတယ်။ Ariel အသက် ၁၅ နဲ့ Nicole အသက် ၁၁ နှစ် တို့ ဟာ ရဲတွေ ရောက်လာတဲ့အခါမှာ မလှုပ်မရှား တိတ်ဆိတ်လို့နေခဲ့တယ်။ မိဘက နှင်ထုတ်ခဲ့တာကြောင့် သူတို့နှစ်ဦးဟာ စတိုးဆိုင်မှာ နေထိုင်ခဲ့တာဖြစ်ကြောင်း Ariel က ရဲကို ပြောပြခဲ့တယ်။ မိဘတွေကလည်း အဲဒီအချိန်တွင် ရောက်မလာနိုင်ကြဘူးလေလို့ ပြောဆိုခဲ့ပါသေးတယ်။

အနီးနားက လူတစ်ဦးက သူတို့ကို အဆင်ပြေ မပြေမေးတဲ့အချိန်မတိုင်ခင်ထိ သူတို့ညီအစ်မ ငြိမ်သက်နေခဲ့ကြတယ်။ အဲဒီအချိန်ကျမှ Ariel လည်း မချုပ်တည်းနိုင်တော့ဘဲ ရဲကို သူတို့အိမ်ကို လမ်းညွန်ပေးလိုက်ပါတယ်။ အဲဒီမှာ သူမအစ်ကို ဖြစ်သူ Damien သေနတ်ဒဏ်ရာနဲ့ သေဆုံးလျက်ရှိခဲ့တယ်။

အစ်ကို Damien က သူမကို ရိုက်နှက်ပြီး အိပ်ခန်းထဲ တွန်းထည့်ကာ အိပ်ယာဝင်ခဲ့တယ်လို့ ညီမအကြီးဆုံးက ရဲကို ပြောဆိုခဲ့တယ်။ နောက်တော့ ညီမဖြစ်သူကို တံခါးဖွင့်ပေးဖို့ ခေါ်ပြီး အစ်ကိုကို သေနတ်ဖြင့် သွားရောက်ပစ်သတ်ကြတာ လို့ပြောပြပါတယ်။

သူတို့ကို တရားဝင် စွပ်စွဲချက် ပြုသင့်၊မပြုသင့်ဆုံးဖြတ်မယ့် နောက် ရက် ၃၀ ထိ ၄င်းညီအစ်မတို့ကို အချုပ်ခန်းမှာ ယာယီထိန်းသိမ်းထားပါတယ်။ Nicole အနေနဲ့ အစ်ကိုဖြစ်သူ Damein ကို ပစ်သတ်မှုမှာ ပါဝင်ကူညီခဲ့ခြင်းရှိမရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ၄င်းညီအစ်နှစ်ယောက် စောင့်ဆိုင်းနေတဲ့ ပစ်မှုတွေက အတူတူပဲဖြစ်ပါတယ်။

ယခုအချိန်မှာ သူတို့မိဘဖြစ်သူ Misty နဲ့ Keith Kornegay တို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကလေးလျစ်လျူရှုမှုနဲ့ စွဲချက်တင်ခံရကာ ဒေါ်လာ ၂၀၀၀၀ ဝန်ခံချက်နဲ့ ထိန်းသိမ်းခံရဆဲဖြစ်ပါတယ်။

trend myanmar

No comments:

Post a Comment