Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 17, 2015

Toyota ရဲ့ ကားမောင်းသင်ပေးမယ့် မျက်မှန်

လူတွေအားလုံးက ကားမောင်းနေစဉ် အနှောင့်အယှက် ဖြစ်စေမယ့် အပြုအမူတွေဟာ ဆိုးရွားပြီး ဒါကိုတားမြစ်တဲ့ ဥပဒေတွေ လိုအပ်တယ်လို့ဆိုကြပေမယ့်လည်း အခုချိန်မှာတော့ သိပ်အရေးမကြီးတော့ပါဘူး။
Toyota ကုမ္ပဏီ က ဒါကိုကာကွယ်နိုင်မယ့် နည်းလမ်းကိုတွေ့ရှိခဲ့ပါပြီ။ TeenDrive365 လို့ ခေါ်တဲ့ ကားမောင်းသင်ပေးမယ့် မျက်မှန်ဟာ မိဘတွေနဲ့ ဆယ်ကျော်သက်တွေအတွက် ရှုပ်ထွေးတဲ့ ကားလမ်းပေါ်မှာ စိတ်ချစွာ မောင်းနှင်နိုင်ဖို့အတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ကားမောင်းနေရင်း မက်ဆေ့ဂ်ျ ပို့တာတွေ ၊ နောက်ခန်းမှာထိုင်နေတဲ့ သူငယ်ချင်းတွေက စကားများနေတာမျိုးတွေ ရှိနေရင် အန္တရာယ် ကြုံတွေ့နိုင်ပါတယ်။ ဒါကို ကာကွယ်ဖို့ TeenDrive365 ဟာ မျက်မှန်တစ်ခုသဖွယ် ဖန်တီးထားပြီး ကားမောင်းရင် ကားလမ်းပေါ်ကိုသာ အာရုံစိုက်နေစေနိုင်မယ့် နည်းပညာများနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဇန်န၀ါရီ ၁၅ ရက်နေ့က စတင်ပြီးအမေရိကမှာ စတင်ရောင်းချခဲ့ပါတယ်။
Ref: engadget.com
http://www.trend.com.mm/2015/01/16/gadgets-5514

No comments:

Post a Comment