Samsung ဟာ နည်းပညာမြင့် စမက်ဖုန်းတွေရော ၊ နည်းပညာမြင့်ပြီး
တန်ဖိုးနည်းသည့် စမက်ဖုန်းတွေကို ဆက်တိုက်ဆိုသလို ထုတ်လုပ်လျှက်ရှိပြီး
ယခုအခါမှာလည်း အမျိုးအစားစီးရီး အသစ် စမက်ဖုန်းဖြစ်သည့် A Series များကို
ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်း ယခုအခါ J Series စမက်ဖုန်းများကို ထုတ်လုပ်
လာပြီဖြစ်ပါတယ်။
ယခုအသစ်ထပ်မံထုတ်လုပ်မည့် J Series စမက်ဖုန်းတွင်
J1 အမျိုးအစားကို စတင်မိတ်ဆက်မှာ ဖြစ်ပြီး Model အနေနဲ့ကတော့ SM-J100
ဖြစ်ပါတယ်။ ကင်မရာအတွက် နောက်ဘက် ကင်မရာကို 5 MP နှင့် ရှေ့ကင်မရာကတော့ 2
MP ဖြစ်ပါတယ်။ အဆိုပါ J1 စမက်ဖုန်းမှာ Galaxy S5 တွင် ပထမဆုံး
အသုံးပြုခဲ့သည့် တာရှည်ခံနည်းပညာဖြစ်သော Ultra Power Saving နည်းပညာကို
တန်ဖိုးနည်းဖုန်းဖြစ်သည့် ယခု J1 တွင် ပထမဆုံး စတင် အသုံးပြုမှာ ဖြစ်ပါတယ်။
မျက်နှာပြင် အရွယ်အစား 4.3 လက်မ နှင့် 480 x 800 Pixels ကို
အသုံးပြုထားပါတယ်။
ထူးခြားချက်များအဖြစ် Marvell PXA 1908 64-bit
SoC ကို ပထမဆုံး အသုံးပြု ထားပြီး quad-core CPU ဖြစ်ကာ မြန်နှုန်း 1.2 GHz
ဖြစ်ပါတယ်။ RAM 1 GB ကို အသုံးပြုထားပြီး ဖုန်းရဲ့သိုလှောင်နိုင်မှုကတော့
တန်ဖိုးနည်းဖုန်း ဆိုသည့် အတိုင်း internal 4 GB ပဲ ပါဝင်ပါတယ်။
J1 ဖုန်းကို LTE , 3G နှင့်မျိုးစလုံးအသုံးပြုနိုင်ပြီး dual – SIM ဖြစ်ကာ
LTE, 3G နှစ်မျိုးစလုံးကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဇန်န၀ါရီလ ၁၄ ရက်နေ့
နေ့စွဲနဲ့ ထွက်လာတဲ့ ဖုန်းရဲ့ ဓာတ်ပုံကို ကြည့်ခြင်းအားဖြင့်
အဆိုပါဖုန်းအား မကြာမီ ဈေးကွက်ထဲကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။
ref : GSMARENA
Yangon Media Group
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 14, 2015
ဈေးနှုန်းသက်သာသည့် Samsung Galaxy J စီရီးစမက်ဖုန်း J1
ဈေးနှုန်းသက်သာသည့် Samsung Galaxy J စီရီးစမက်ဖုန်း J1
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
January 14, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment