Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 19, 2015

NLD အာဏာရလာပါက ပြည်သူလူထုကို အနိုင်ကျင့်ခြင်းကို ရှောင်ဖယ်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို


ပျဉ်းမနား၊ ဇန်နဝါရီ ၁၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေနှင့် သြဇာအာဏာ ရရှိခဲ့ပါက ပြည်သူလူထုကို အနိုင်ကျင့်မည့် ကိစ္စများကို ရှောင်ဖယ် မည် ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ကတိပြု ပြောဆိုသည်။

ဇန်နဝါရီ ၁၇ ရက်နေ့က ပျဉ်းမနားမြို့ရှိ ကင်မွန်းတန်းကွင်း၌ ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် တစ်ရာပြည့် တွင် ဒေါ်အောင်ဆန်းစုကြည်က “နောင် သြဇာရလာ ရင် ပြည်သူလူထုကို အနိုင်ကျင့်ခြင်း ကို ရှောင်ဖယ် မှာ ဖြစ်တယ်လို့ ကျွန်မ ပြောချင်ပါတယ်” ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိကာလအတွင်း NLD ပါတီ၏ မူအရ ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များ၊ ပါတီဝင်များကို တင်းကျပ်သော စည်းကမ်းဖြင့် ကိုင်တွယ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပါတီနိုင်ငံရေးတွင် မှားယွင်းသော လုပ်ဆောင်ချက်များ ရှိနိုင်သောကြောင့် ပါတီခေါင်းဆောင်နှင့် ပြည်သူလူထုက ထိန်းညှိပေးရမည် ဖြစ်ပြီး ရေရှည်နိုင်ငံရေးတွင် နောက်လာနောက်သားများ အတွက် မျက်နှာမပူစေရေးကို ရှေ့တန်းတင် လုပ်ကိုင်ဆောင်ရွက်ရန် လိုကြောင်း၊ NLD ပါတီအနေနင့် မိမိတို့ပါတီ အာဏာရရေးနှင့် စည်းရုံးရေးတွင် ပစ္စည်းဥစ္စာနှင့် ငွေကြေးပေး၍ လုပ်ဆောင်သွားမည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ကတိပြု ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၁၇ ရက်တွင် ပျဉ်းမနား မြို့ခံလူထုနှင့် မတွေ့ဆုံမီ ရမည်းသင်းမြို့နယ် ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။
- See more at: http://thevoicemyanmar.com/index.php/news/item/5468-any#sthash.KWmtuCvE.dpuf

No comments:

Post a Comment