Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 15, 2015

NLD မန္တလေး ပညာရေး ရံပုံငွေ ဖျော်ဖြေပွဲ

Iron Cross ဖျော်ဖြေ တင်ဆက်ပွဲ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မန္တလေး က ကြီးမှူး ကျင်းပတဲ့ အထက်မြန်မာပြည် NLD ရဲ့ အခမဲ့ ပညာရေး ကျောင်းတွေ အတွက် ရံပုံငွေ ရှာတဲ့ ပွဲ ကို နာမည်ကျော် ရော့ခ်ဂီတ အဖွဲ့ Iron Cross က ဖျော်ဖြေ တင်ဆက် ပါတယ်။

ဒီ အခန်းအနား ကို Mandalay Hill Resort ကွင်းပြင် မှာ ကျင်းပရာမှာ ကွင်းပြည့်၊ ထိုင်ခုံ မလပ်၊ အားပေးကြည့်ရှု ကြပါတယ်။ ဒီပွဲရဲ့ ရံပုံငွေ ကိုလည်း ကျပ်သိန်းပေါင်း ၆၀ဝ မှ ၈၀ဝ အထိ ခန့်မှန်းထားပြီး အထက်မြန်မာပြည် က ကျောင်းပေါင်း ၉၀ ကျော် ရဲ့ ပညာသင်စရိတ်၊ ကျောင်းဆရာ တွေ သင်တန်းစရိတ်၊ စစ်ဖြစ်ပွားနေတဲ့ နယ်မြေ က ကျောင်းသားတွေ ကို ထောက်ပံ့ ဖို့ ဖြစ်ကြောင်း အထက်မြန်မာပြည် ပညာရေး ရံပုံငွေ အဖွဲ့ရဲ့ ဘဏ္ဍဍာရေးမှူး ဦးမျိုးနိုင် က ဘီဘီစီ ကို ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ နာယက ဦးတင်ဦး ကတော့ ဒေါ်အောင်ဆန်းစုကြည် ရည်မှန်းတဲ့ မြန်မာ့ပညာရေး ထွန်းတောက် လာဖို့ ကြောက်စိတ် တွေ ကို ဖယ်ရှား ယင်း အားပေးကြပါ လို့ ဒီ အခန်းအနား မှာ ပြောကြားသွားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2015/01/150115_nld_mdy_education

No comments:

Post a Comment