Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

MH 370 လေယာဉ်မှ ခရီးသည်များ၏ ဘဏ်စာရင်းမှ ငွေများထုတ်ယူ သုံးစွဲခဲ့သည့် ဘဏ်ဝန်ထမ်း ဇနီးမောင်နှံကို ဖမ်းဝရမ်းထုတ်


ကွာလာလမ်ပူ ၊ ၁၄-၁-၂၀၁၅

ပျောက်ဆုံးလျက် ရှိသော မလေးရှား လေကြောင်းလိုင်း ပိုင် MH 370 ခရီးသည်တင် လေယာဉ်မှ ခရီးသည် သုံးဦးနှင့် လေယာဉ်ဝန်ထမ်း တစ်ဦး၏ ရန်ပုံငွေများကို ထုတ်ယူသုံးစွဲ ခဲ့သည့် ဇနီးမောင်နှံအား မလေးရှား တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါစုံတွဲ သည် တရားခွင်သို့ ရုံးချိန်း တက်ရောက်ရန် ပျက်ကွက်ခဲ့ သဖြင့် ကွာလာလမ်ပူ တရားရုံးက ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း လက်ထောက် အစိုးရရှေ့နေ ဖတ်လီမာမွတ် က ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြား ခဲ့သည်။

အဆိုပါ ဇနီးမောင်နှံ သည် ပျောက်ဆုံးနေဆဲ ဖြစ်သူများ၏ ဘဏ်အကောင့် ထဲရှိ ငွေကြေးများကို ၂ဝ၁၄ ခုနှစ် မေလ ၁၅ ရက်နှင့် ဇွန်လ ၂၉ ရက်ကြားတွင် ထုတ်ယူကာ အလွဲသုံးစား ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဘဏ်မန်နေဂျာ က တရားဥပဒေ စိုးမိုးရေး တာဝန်ရှိသူ များထံသို့ လွန်ခဲ့သည့် တစ်လကျော်က တင်ပြခဲ့သည်။ သို့ဖြစ်၍ အဆိုပါ ဘဏ်ဝန်ထမ်း ဖြစ်သူ အမျိုးသမီး နှင့် စက်ပြင်ဆရာ ဖြစ်သူ အမျိုးသား တို့အား ပျောက်ဆုံး လေယာဉ်မှ ခရီးသည်များ၏ ရန်ပုံငွေများကို တရားမဝင် လွှဲပြောင်းမှု၊ အမေရိကန် ဒေါ်လာ ၃၁ဝဝဝ ကျော်ကို ထုတ်ယူသုံးစွဲမှု တို့ဖြင့် တရားစွဲဆို ခဲ့ခြင်း ဖြစ်သည်။

MH 370 ခရီးသည်တင် လေယာဉ်သည် ၂ဝ၁၄ ခုနှစ် မတ် ၈ ရက်က ကွာလာလမ်ပူ လေဆိပ်မှ ထွက်ခွာခဲ့ပြီး ပေကျင်းမြို့သို့ သွားရာ လမ်းကြောင်းတွင် ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လေယာဉ်တွင် လေယာဉ် အမှုထမ်းများ နှင့် ခရီးသည် ၂၃၉ ဦး လိုက်ပါ သွားခဲ့ကြောင်း သိရသည်။

#PyiChitThar
http://www.pyichitthar.com/2015/01/mh-370.html

No comments:

Post a Comment