Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 15, 2015

မင်္ဂလာဆောင်အစစ်တွေမှာ အံ့အားသင့်အောင်လုပ်ပြီးရိုက်ခဲ့တဲ့ Maroon 5 ရဲ့ ‘‘Sugar’’


အဆိုတော် အဒမ်လက်ဗင်းနှင့် ၎င်း၏ Maroon-5 အဖွဲ့သားများသည် တေးဂီတ ဗီဒီယိုသစ် Sugar အတွက် လော့စ်အန်ဂျလိစ်မြို့မှ မင်္ဂလာပွဲအစစ်အမှန်များသို့ ရုတ်တရက်သွားရောက် ဖျော်ဖြေခဲ့ကြသည်။
မင်္ဂလာသတို့သား၊ သတို့ သမီးနှင့် ဧည်သည်များသည် ၎င်း တို့၏ မင်္ဂလာပွဲသို့ ဖိတ်ကြားထား ခြင်းမရှိသော Maroon 5 တေး ဂီတအဖွဲ့လာရောက်ဖျော်ဖြေမှု ကို မြင်တွေ့ခဲ့ပြီးနောက် အံ့သြ ၀မ်းသာဖြစ်ခဲ့ကြသည်။
ယင်း Sugar ဗီဒီယို၏ အစ တွင် အဒမ်လက်ဗင်းက ‘‘ဒီနေ့က ၂၀၁၄ ဒီဇင်ဘာ ၆ ရက်နေ့ပါ။ ကျွန်တော်တို့တွေ လော့စ်အန်ဂျလိစ်မြို့အနှံ့ကားမောင်းထွက်ပြီးကျွန်တော်တို့လက်လှမ်းမီသမျှ မင်္ဂလာပွဲတိုင်းမှာသွားရောက် ဖျော်ဖြေတော့မယ်။ အဲဒါက တကယ်ပဲ ထူးခြားမှာပါ’’ဟု ပြော ကြားခဲ့သည်။
Maroon 5 အဖွဲ့၏ ရုတ်တ ရက်လာရောက်ဖျော်ဖြေမည့် အကြောင်းကို မင်္ဂလာသတို့သား များသာ သိရှိသည်ဟု Marron- 5 အဖွဲ့ပြောရေးဆိုခွင့်ရသူတစ်ဦး ကပြောကြားခဲ့ကြောင်း ET Onlineသတင်းက ဖော်ပြသည်။ ယင်း Sugar တေးဂီတဗီဒီယိုမှ ရိုက် ကွက်အချို့ကို အချိန်နှင့် နေရာ ကန့်သတ်ချက်များကြောင့် တ ကယ့်မင်္ဂလာပွဲများမှ သီးခြားရိုက် ခဲ့သည်ဟုလည်း အဆိုပါပြောရေးဆိုခွင့်ရသူကပြောသည်။
Sugar တေးဂီတဗီဒီယိုကို ဇန်န၀ါရီ ၁၄ ရက်တွင် ယူကျု့ဘ် ၀က်ဘ်ဆိုက်ရှိ Maroon 5 အဖွဲ့ ၏ Vevo ရုပ်သံလိုင်းမှ တစ်ဆင့် စတင်ဖြန့်ချိခဲ့သည်။
ဒီနေ့ဖတ်စရာများ


 

Ref:ABS CBN News
-7day daily

No comments:

Post a Comment