Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 26, 2015

Malaysia Airlines ရဲ့ website ကို ဟက်ကာတွေက တိုက်ခိုက်


လူ ၂၀၀ ကျော် ပါဝင်တဲ့ ခရီးသည် တင်လေယာဉ်ပျောက်ဆုံး နေမှု ပါအဝင် မနှစ်က နှစ်ကြိမ် ကြုံခဲ့ရတဲ့ လေကြောင်း ဆိုင်ရာ ဘေးဆိုးကြီးကြောင့် ပြန်လည် နာလံထူလာအောင် ကြိုးစားနေရတဲ့ Malaysia Airlines ရဲ့ website ကို ဟက်ကာတွေက တိုက်ခိုက်ခဲ့ကြပါတယ်။

မလေးရှား လေကြောင်းရဲ့ ပင်မ စာမျက်နှာမှာ ပုတ်သင်ညိုကြီး တစ်ကောင်က ပွဲတက် အခမ်း အနားတွေမှာ ဝတ်တဲ့ ယောင်္ကျားဆောင်း ဦးထုပ်မဲ နဲ့ tuxedo dinner jacket ဝတ်ထားတဲ့ ပုံကိုသာ တွေ့မြင်ရပါတယ်။

အဲဒီပုံမှာLizard Squad အဖွဲ့က တိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ ကြေညာထားပါတယ်။ ဒါ့အပြင် အင်တာနက် နည်းလမ်းနဲ့ အစ္စလာမ်မစ် နိုင်ငံ ထောင်တာ၊ ဆိုက်ဘာ Caliphate လုပ်တာလို့လည်း ဖော်ပြထား ပါတယ်။
လူ ၂၀၀ ကျော် ပါဝင်တဲ့ ခရီးသည် တင်လေယာဉ်ပျောက်ဆုံး နေမှု ပါအဝင် မနှစ်က နှစ်ကြိမ် ကြုံခဲ့ရတဲ့ လေကြောင်း ဆိုင်ရာ ဘေးဆိုးကြီးကြောင့် ပြန်လည် နာလံထူလာအောင် ကြိုးစားနေရတဲ့ Malaysia Airlines ရဲ့ website ကို ဟက်ကာတွေက တိုက်ခိုက်ခဲ့ကြပါတယ်။

No comments:

Post a Comment