Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 14, 2015

မျက်လုံးတက်တူးထိုးရင်း ညာဘက်မျက်လုံး ဒဏ်ရာရသွားတာကြောင့် ဆေးရုံတက်ခဲ့ရတဲ့ ရက်ပ်ပါ Mace

လက်ရှိ ရက်ပ်ပါတွေကြား ခေတ်စားနေတဲ့ အကြောင်းအရာကတော့ မျက်လုံးကို တက်တူးထိုးတာပါပဲ။
အခုလည်း အမေရိကန် Rap အဆိုတော် တစ်ယောက်ဖြစ်တဲ့ Mace ဆိုသူဟာ သူ့သူငယ်ချင်းဖြစ်တဲ့ Alkaline ရဲ့ အကူအညီနဲ့ သူ့မျက်လုံးကို အနက်ရောင်ပြောင်းဖို့ တက်တူးထိုးခဲ့ပါတယ်။
နယူးယော့ခ် မြို့ ၊ ဘရွတ်ကလင်း မြို့နယ် မှာနေထိုင်တဲ့ Mace ဟာ သူရဲ့ မျက်လုံးကို အနက်ရောင်ပြောင်းဖို့ တက်တူးထိုးပြီးတဲ့အခါမှာ ပဲ သူ့ရဲ့ ညာဘက်မျက်လုံးဟာ ဒဏ်ရာ ဖြစ်ခဲ့တဲ့ အတွက် ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။
Mace ဟာ ဆေးဝါးကုသမှု ခံယူခဲ့ပြီးတဲ့နောက်မှာပြန်လည် ကျန်းမာလာခဲ့ပေမယ့် သူ့လိုပဲ မျက်လုံးမှာတက်တူးထိုးပြီးအမြင်အာရုံ ချို့တဲ့သွားသူတွေ အများကြီး ရှိတယ်လို့ သိရပါတယ်။ ထိုကဲ့သို့ မျက်လုံးမှာ တက်တူးထိုးခြင်းဟာ အမေရိကန် ပြည်ထောင်စုမှာ တရားမ၀င်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။
Ref:mirror.co.uk
http://www.trend.com.mm/2015/01/13/news-5474

No comments:

Post a Comment